တွင်းတူးသောကြွက်နှင့်တွင်းမတူးသောကြွက်
တွင်းတူးသောကြွက်နှင့်တွင်းမတူးသောကြွက်
တစ်ခါတုန်းက တောင်ပို့ရ်လေးတစ်ခုမှာ ကြွက်မိတ်ဆွေ နှစ်ကောင်နဲ့အခြားကြွက်များ နေထိုင်ကြပါတယ်။ ကြွက်
မိတ်ဆွေနှစ်ကောင်ကတော့ တစ်ကောင်က မိမိဘ၀ရပ်တည်မှုအတွက် လုံခြုံမှုရစေဖို့ တွင်းကို ကိုယ်တိုင်တူးပြီး
အခြားကြွက်တွေလို နေသတဲ့။
တစ်ကောင်ကတော့ ကိုယ်တိုင် တွင်းမတူးပဲ သူများတူးထားတဲ့ တွင်းအဟောင်းတွေမှာပဲ လိုက်ပြီး ခိုအောင်း
နေတဲ့ ကြွက်ဖျင်းတစ်ကောင်ပါတဲ့လေ။
တွင်းတူးပြီးဖို့မလို တွင်းဟောင်းတွေ ခိုနေမယ်လို့တွေးထားတာပါ။
ကြွက်ဖျင်းက သူ့ကိုယ့်သူ သက်သာရာရှာချင်တာကြောင့် ခုလို နေပါသတဲ့။ သူများတွေ ပင်ပန်းကြီးစွာ နေ
စရာ တွင်းတူးနေချိန်မှာ သူကတော့ အစာလေးစားပြီး နှပ်နေရတယ်လို့သူက တွေးပါတယ်။ မိတ်ဆွေ ကြွက်
ကလေးကိုလည်း သူတို့နေတတ်ဖို့စည်းရုံးပါသေးတယ်။
လုံ့လနဲ့အမျှော်မြင် ရှိတဲ့ ကြွက်ကတော့ ကြွက်ဖျင်းဘယ်လို ပြောပြော နားမထောင်ပါဘူး။ သူ့အလုပ်ကိုပဲ သူ
အာရုံစိုက် လုပ်နေတာပေါ့။ ငါ့တွင်းဟာ ငါ့အတွက်သာ မဟုတ် အခြားသော ကြွက်တွေအတွက်လည်း နားခိုစရာ
လေး ဖြစ်လာမယ်လို့လည်း ခံယူထားပါတယ်။
ဒါ့အပြင် ငါခုလိုတူးနေတာ အပန်းမကြီးပါဘူး။ ဒါဟာ ငါ့အတွက် တွင်းတူးနေကျဖြစ်လို့ အလေ့အကျင့်တောင်
ရနေပါတယ်။ အများလိုပဲ တွင်းတစ်တွင်းကို ငါလည်း အမြန်တူးနိုင်တာပေါ့လို့ ကြွက်ဖျင်းကို ပြောပြခဲ့တာပေါ့။
ဒီလိုနဲ့ တစ်နေ့မှာ ကြွက်တို့နေထိုင်ရာ တောင်ပို့ရ်လေး ပြိုကျပါတော့တယ်။ ဒီချိန်မှာ ကြွက်အားလုံးဟာ ဘ၀ကို
တစ်ကပြန်စကြရတာပေါ့။
ကြွက်တိုင်းလိုလိုဟာ သူတို့နေထိုင်ရာတွင်းကို တူးနိုင်ကြပေမယ့် အမြဲရေသာခိုပြီး အချောင်နေတတ်တဲ့ ကြွက်
ဖျင်းခမျာ မှာတော့ တွင်းလည်း မတူးတတ်၊ နေစရာနေရာ တွင်းဟောင်းတွေလည်း ရှာမရတော့ အခက်တွေ့ပြီး
နောင်တတွေ ရနေတာပေါ့။
ဒီလိုနဲ့အခြားကြွက်တွေဆီမှာ သူလည်း နေပါရစေဆိုပြီး အသနားခံပေမယ့် သူ့လိုကြွက်ဖျင်း တစ်ကောင်ကို
ဘယ်ကြွက်တွေကမှ လက်မခံပါဘူး။ မိမိမှာ လုပ်နိုင်စွမ်း ရှိရဲ့နဲ့မလုပ်ပဲ အချောင်နေချင်တဲ့ ကြွက်ဖျင်းကို ငါတို့
တွေ မသနားလို့ပြောလွှတ်ကုန်ပါသတဲ့။
နောက်ဆုံး လုံလနဲ့အမျှော်မြင်ရှိတဲ့ ကြွက်ကလေးဟာ ကြွက်ဖျင်းလေးကို ခေါ်ပြီး သူ့ကြွင်းမှာ ထားသတဲ့။ သူ့
အတွက်တော့ သူ့တွင်းဟာ တခြားသူတွေ အတွက်ဆိုတဲ့ စကားကို သက်သေပြလိုက်တာပါပဲ။
ကျန်တဲ့ ကြွက်တွေလည်း လုံလရှိတဲ့ ကြွက်ကလေးကို လေးစားလွန်းလို့ အစာပိုတွေ သယ်လာပြီး ပေးကြတာ
ပေါ့။ ကြွက်ဖျင်းလေးလည်း ဒီဖြစ်ရပ်တွေ ကြည့်ပြီး အများလို မကျင့်ကြံခဲ့လို အများရဲ့ အလေးထားမှုကို ငါဆုံး
ရှုံးလိုက်ရတာ ပါလားလို့တွေး မိသွားပါတယ်။
ရေသာခို နေခြင်းဟာ မကောင်းပါလား၊ ခဏတာ သာယာမှုရပေမယ့် ရေရှည်မှာ ဆိုးရွားစေတယ်ဆိုတာ ကြွက်
ဖျင်းတစ်ကောင် ကောင်းကောင်းနားလည်ပြီး နောင်တတွေ တစ်ပုံကြီးရသွားပါတယ်။
ငါဟာ တွင်းမတူးတဲ့ ကြွက်ဖျင်းပဲ။ တွင်းတူးတဲ့ ကြွက်တစ်ကောင်ဖြစ်အောင် ငါယနေ့မှ စပြီး ပြင်ဆင်ရတော့မယ်
လို့ဆုံးဖြတ်လိုက်ပါတော့တယ်။ လောကမှာ ကိုယ့်တွင်း ကိုယ်တူးခြင်းသာ ကောင်းပါပေတယ် ဆိုတာကို ကြွက်
ဖျင်း တစ်ကောင် သဘောပေါက်ခဲ့ပါပြီ။
စာဖတ်သူများလည်း အတွေးထဲမှာ တွင်းတူးသောကြွက်နဲ့တွင်းမတူးသောကြွက်ရဲ့ ဇာတ်သိမ်းခန်းမှာ သင်ခန်းစာ
လေး တစ်ခု ရသွားမယ်လို့လည်း မျှော်လင့်ပါတယ်။
yGN news
#Credit

Comments
Post a Comment