စိတ်တိုရင် ဘာကြောင့် အော်ဟစ်နေကြသလဲ…


ရဟန်းပျို တစ်စုဟာ ဂင်္ဂါမြစ်ကမ်း နဘေးမှာ ရေချိုးနေကြရင်း တစ်ယောက်နဲ့ တစ်ယောက် အငြင်းအခုံ ပြုလုပ်ရာကနေ ဒေါသနဲ့ အော်ဟစ် နေကြပါတယ်.။ ခေါင်းဆောင် ရဟန်းက အဆိုပါ ရဟန်းတွေကို
"အသင်တို့ ဘာလို့ ဒေါသဖြစ်တဲ့အခါမှာ တစ်ယောက်နဲ့ တစ်ယောက် အော်ဟစ်နေကြတာလို့ ထင်လဲ…."
ရဟန်းပျိုတွေဟာ တစ်ခါဏမျှ စဉ်းစားပြီး သူတို့ထဲက တစ်ဦးမှ.. "တပည့်တော်တို့ စိတ်လွတ် သွားလို့… အော်ဟစ်ကြတာပါဘုရား…"
"ဒါပေမယ့် ကိုယ့်အနားမှာပဲ ရှိနေတဲ့သူကို ဘာလို့ အော်ဟစ်ပြောဆိုရတာလဲ… အသင်တို့ ပြောလိုတာကို အေးဆေးသက်သာစွာ ပြောလို့ ရတာပဲလေ…" ရဟန်းခေါင်းဆောင်က ပြန်မေးလိုက်တယ်…။
ရဟန်းပျိုတွေက အဖြေ အမျိုးမျိုးပေးကြပေမယ့် တစ်ယောက်အဖြေကို ကျန်တဲ့သူတွေက မကျေနပ်တာနဲ့ပဲ နောက်ဆုံးတော့ ရဟန်းခေါင်းဆောင်က..
"လူနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုးကြပြီဆိုရင်… သူတို့ရဲ့ နှလုံးသားတွေဟာ ဝေးကွာ သွားကြတယ်…ဒါကြောင့် ဝေးကွာသွားတဲ့ အကွာအဝေးအလျှောက်… တစ်ဦးပြောစကားကို တစ်ဦး ကြားရဖို့အတွက် တစ်ယောက်နဲ့ တစ်ယောက် အော်ဟစ်ကြခြင်းဖြစ်တယ်…"
"သူတို့ ပိုစိတ်ဆိုးလေလေ…၊ သူတို့ နှလုံးသားတွေက ပိုဝေးကွာလေလေဖြစ်ပြီး… သူတို့ ပိုမို ကျယ်လောင်စွာ အော်ဟစ်ပြောဆိုကြမှာ ဖြစ်တယ်…"
"နောက်ဥပမာတစ်ခုနဲ့ပြောရရင် လူနှစ်ဦး ချစ်ကြိုက်သွားတယ်ဆိုပါဆို့… သူတို့နှစ်ဦးဟာ အော်ဟစ်ပြောဆိုခြင်း မပြုပဲ တိုးတိတ်ညှင်သာစွာပဲ ပြောဆိုကြတယ်..။ သူတို့နှလုံးတွေက အနီးဆုံးမှာ ရှိနေကြတယ်လေ…သူတို့နှလုံးသားကြားမှာရှိတဲ့ အကွာအဝေးက မရှိသလောက်ကို နည်းပါးတယ်…။ တစ်နည်းအားဖြင့် သူတို့ ပိုချစ်လာလေလေ…သူတို့ နှလုံးသားတွေ ပိုမိုနီးကပ်လာလေလေ ဖြစ်ပြီး နောက်ဆုံး သူတို့ စကားတောင် ပြောဖို့ မလိုတော့ပဲ မျက်လုံးက အကြည့်ချင်းနဲ့တင်ကို စကားပြောလို့ရကြပါတယ်.။"
"ဒါကြောင့် အသင်တို့ အငြင်းအခုံ လုပ်ကြတဲ့အချိန်မှာ..အသင်တို့ရဲ့ နှလုံးသားတွေကို အဝေးမရောက် စေပါနဲ့..၊ နှလုံးသားနှစ်ခု အဝေးရောက်စေမယ့် စကားတွေကို မပြောကြပါနဲ့…၊ ဒါမှမဟုတ်ရင်.. လူနှစ်ယောက်ရဲ့ နှလုံးသားဟာ ဝေးကွာလွန်းသွားပြီး ပြန်လည်နီးကပ်ဖို့ လမ်းစကို အသင်တို့ ရှာမတွေ့ပဲ ဖြစ်လိမ့်မယ်…"
အောင်ထွန်းဦး

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်