ရွှေပလ္လင်ဒဏ္ဍာရီသို့မဟုတ်၊မိုးကောင်းမင်းတရား၊ နန်းခမ်း၊ မောင်ကမ်တို့၏ သုံးပွင့်ဆိုင် အချစ်ကံကြမ္မာ

..........................................
ကြေကွဲစရာကောင်းလှတဲ့ အတိတ်ဇာတ်လမ်း ဒဏ္ဍာရီလေးတစ်ပုဒ်
ရှမ်းမလေးနန်းခမ်း၊ သူက ကျောက်စွယ်ကြီးရဲ့ မြစ်ကြောင်နဘေးအတိုင်းအောက်ဖက်က ရှမ်းရွာလေးတစ်ရွာရဲ့ သူကြီးသမီး၊ သိပ်လှ သိပ်ချောသတဲ့။
ရှမ်းလေး မောင်ကမ်...
သူက ကျောက်စွယ်ကြီးရဲ့ မြစ်ကြောင်းနဘေးအတိုင်း အထက်ဖက်ရှိတဲ့ ဟဲနိမ် (ရှမ်းလိုပြန်ရင် လက်ဖက်ပေါင်းအိုးရွာ)ဆိုတဲ့ ရှမ်းရွာက ရှမ်းလူပျိုလေး။
သူတို့နှစ်ယောက်က သိပ်ကို ချစ်ကြတဲ့ ငယ်ရည်းစားတွေဖြစ်ကြပါသတဲ့၊ ဒါပေမဲ့ သူတို့ ချစ်ကံချေကြ ရှာပါတယ်လေ။ ပြသနာအကြောင်းရင်းကတော့ စဝ်ဖှမိုးကောင်း(မိုးကောင်း မင်းတရား)လို့ပဲပြောရမလား၊ ဗမာဘုရင်လို့ပဲပြောရမလား။
အဲဒီအချိန်မှာ မိုးကောင်းမင်းတရား(ရှမ်းတို့အခေါ် စဝ်ဖှမိုးကောင်း) က မြန်မာပြည်မထဲက ဘုရင်နှင့်စစ် ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် တိုင်းရေးပြည်ရေး အခြေအနေအရ မိမိပိုင်နယ်မြေဖြစ်တဲ့ ချင်းတွင်းမြစ်(နမ်စလုံး)အတိုင်း ဖောင်တော်နှင့် ဆန်တက်ခဲ့ပါသတဲ့။ ဒီလိုနဲ့ လာခဲ့ရာမှာတော့ မင်းတရားက အဲဒီနေရာကို ရောက်တဲ့အခိုက် ညနေခင်းလေးမှာပဲ ရှမ်းမလေးနန်းခမ်းကလဲ မြစ်ထဲ ရေဆင်းခပ်တဲ့အချိန်လေးနဲ့ တိုက်ဆိုင်မိသွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမှာပဲ ညနေရှုခင်းနဲ့ နန်းခမ်းရဲ့အလှကို တွဲမြင်လိုက်မိတဲ့ မိုးကောင်းဘုရင်မင်းတရားဟာ မေတ္တာသက်၀င်ချစ်ခင်မိသွားခဲ့ရပါသတဲ့။
ဒါကြောင့် အထက်ရွာလောက် စခန်းချ ရပ်နားချိန်မှာတော့ မင်းချင်းတွေကို တိတ်တဆိတ်စေလွတ်ပြီး လင်ရှိမရှိစုံစမ်းပြီး၊ လင်မရှိက တော်ကောက်ဖို့ တစ်ခါတည်း ရက်သတ်မှတ်၊ အိမ်ရှေ့သဲဖြူ ရာဇမတ်ပါ စိုက်ခင်းခဲ့ဖို့ မှာကြားစေလွတ်လိုက်ပါသတဲ့။ ဒါကြောင့် မင်းချင်းများကလည်း တိတ်တဆိတ် နန်းခမ်းရဲ့ မိဘများအိမ်ကို လာရောက်စုံစမ်းပြီး အပျိုမှန်းသိသွားတော့ နောက်တနေ့မှာ လာမည့်ခုနစ်ရက်မှာ သူတို့သမီးလာတောင်းမည့်အကြောင်း ရက်ပါသတ်မှတ်ပြီး သဲဖြူခင်း ရာဇ မတ်ကာ၊ ငှက်ပျောပင်စိုက် အဆောင်အယောင်တွေ လုပ်ပြီးပြန်သွားကြပါတယ်။
ဒီအခြင်းအရာတွေကို နန်းခမ်းလေးမြင်တော့ အလန့်တကြားဖြစ်ပြီး မိဘကိုမေးလိုက်ရာမှ သူက မိဖုရားလောင်းဖြစ်နေပြီး၊ မိဘနှစ်ပါကလည်း ဘုရင့်အာဏာမို့ မလွန်ဆန်ဝံ့ကြောင်း ဘုရင့်အာဏာစက် လွန်ဆန်က ဆွေခုနစ်ဆက်မျိုးခုနစ်ဆက် မင်းပြစ်မင်းဒဏ်သင့်နိုင်ကြောင်း ပြောကြပါတယ်။ နန်းခမ်းခမျာအရူးမီးဝုိင်း ဖြစ်ရရှာပီပေါ့။ တစ်ဖက်က ငယ်ငယ်ကတည်းက ချစ်ခဲ့ရသူ မောင်ကမ်၊ တစ်ဖက်က မိဘနှစ်ပါးရဲ့ မင်းပြစ်မင်းဒဏ် သင့်ရမည့်အရေး။
နန်းခမ်းခမျာ၊ စဉ်းစားရင်း စဉ်းစားရင်း။ အို မနက်ဖြန် ခုနစ်ရက်မြောက်နေ့ပါပဲလား။
သည်နေ့ ဘုရင်မင်းတရား နေမွန်းမတည့်မီရောက်လာတော့မည်၊ အို ဖြစ်လိုရာဖြစ်ပါစေတော့ ချစ်သူနဲ့ အတူလက်မတွဲနိုင်တော့မည့်အတူတူ သည်ဘ၀ သေတာရှင်တာဘာထူးတော့လို့လဲ။ ရှမ်းမလေးနန်းခမ်း မိုက်ရူးရဲဆန်တာ လား၊ ချစ်သူအပေါ်မှာ သစ္စာရှိတာလား၊ မခွဲခြားတတ်တော့။ မနက်စောစော မိဘတို့ မနိုးခင်မှာပဲ တိတ်တိတ်ကလေးနှင့် ချစ်သူရှိရာ ဟဲနိမ်ရွာက မောင်ကမ်ထံ ထွက်ပြေးသွားရှာပြီ။
မနက်ခင်းမိုးလင်းလို့ အခြံအရံနှင့်အတူ ဘုရင်မင်းတရားရောက်လာချိန်မှာတော့ နန်းခမ်းရဲ့ မိဘတွေခမျာ၊ မျက်နှာမလှတော့၊ သတ်ရင်လဲသေ ထားရင်လဲနေ အနေအထား မျက်စိပျက်နှာပျက် ကြောက်ရွံ့ တုန်လှုပ်နေမှု အပြည့်နဲ့။ ဘုရင်မင်းတရားမေးစစ်ကြည့်လိုက်တော့ အကြောင်းစုံ သိရပြီ။ အို မှားပါကုန်တော့ တကား။ ကဲ မင်းချင်းတို့ သည်လိုဆိုလဲ နန်းခမ်းနဲ့မောင်ကံကို အမြန်ဆုံး လိုက်ခေါ်ပြီး ငါကိုယ်တော် ရှေ့မှောက်မှာပဲ လက်ထပ်ပေးစားစေ၊ အခု ချက်ချင်း သူတို့နှစ်ယောက်ကို လိုက်ရှာစေ။ မင်းချင်းများ အလုပ်ထပ်ရှုပ်ရပြန်ပြီ။ လှေများစွားတို့နှင့် နန်းခမ်း မောင်ကမ်တို့ ရှိနိုင်မည့် ရွှေပလ္လင်တောင်ဘက်ကို ဆန်တက်လှော်ခတ်ရင်း ချစ်သူနှစ်ဦးကို ရှာပုံတော်ဖွင့်ကြရပြန်ပေါ့။
ချစ်သူနှစ်ဦးတို့ရဲ့ကံကြမ္မာပဲ ပြောရမလား၊ အကြောက်တရားနဲ့ အုပ်ချုပ်ကြတဲ့ အာဏာစက်ရဲ့ ဆိုးကျိုး လို့ပဲ ပြောရမလား။
တသီကြီးဆန်တက်လာကြတဲ့ မင်းချင်းတွေကို ချစ်သူနှစ်ဦးက ခပ်လှမ်းလှမ်းက လှမ်းမြင်လိုက်ရပြီ။ သေချာပြီ၊ နန်းခမ်းကို ပြန်လာခေါ်ပြီ၊ မောင်ကမ်ကိုလည်း ဘုရင့်ဘဏ္ဍာလုယက်မှုနှင့် ခေါင်းဖြတ်ကွက်မြက်ခံရတော့မယ်။ ဒါကြောင့် ချစ်သူနှစ်ဦး ကြံရာမရဖြစ်ကာ ဖြစ်လိုရာဖြစ် အမြင့်ဆုံးဖြစ်နေတဲ့ ရွှေပလ္လင် ကျောက်တောင်ကြီးပေါ်ကို တစ်ယောက်လက်တစ်ယောက်ဆွဲကာ ပြေးတက်လိုက်ကြတယ်။ မင်းချင်းတွေက ခပ်လှမ်းလှမ်းက လက်ဟန်ခြေဟန်ပြလျက် လှမ်းအော်ကြတယ်၊ ချစ်သူနှစ်ဦးဆက်ပြေးတယ်။ နောက်ဆုံး တောင် ထိပ်ရောက်ပြီ ပြေးစရာမရှိတော့ ၊ တောင်အောက်ကို လှမ်းကြည့်လိုက်တော့ မင်းချင်းတွေလည်း တောင်ခြေကို ရောက်နေပြီ၊ ကဲ စိုင်းရေ သည်ဘ၀မပေါင်းကြရမည့်အတူတူ မထူးတော့ပြီ နောက်ဘ၀မှပဲ အတူတူပေါင်းကြပါစို။ တစ်ယောက်နှင့်တစ်ယောက် သစ္စာပြုပြီး အင်မတန်မြင့်မားလှတဲ့ ကျောက်တောင်ကြီးပေါ်ကနေ လက်တွဲခုန်ချလိုက်ကြတယ်။
မင်းချင်းတွေဟာ ဒီအချင်းအရာကို တောင်အောက်ကနေ မြင်နေရပေမဲ့ မတားဆီးနိုင်ခဲ့ဘူး၊ ဒါကြောင့် စိတ်မကောင်းကြီးစွာနဲ့ ဘုရင့်ကို အကြောင်းစုံ ပြန်လည်သံတော်ဦးတင်ကြတယ်။ ဒီတော့ မင်းတရားခများ ယူကျုံမရဖြစ်ရပြန်တော့တာ ပေါ့။ ဆိုးလိုက်ကြတဲ့ ကံကြမ္မာတွေပါလား။
ရှမ်းတွေရဲ့ ရိုးရာတစ်ခုမှာ မင်္ဂလာဆောင် သူတို့သမီးတောင်းရန်းတဲ့အခါကျရင် လက်ဖက်ကျည်တောက်နဲ့ ငါးချဉ်ထုပ်နဲ့ သူတို့သမီးရဲ့ မိဘများဆီကို တင်းတောင်းကြရတဲ့ ထုံးစံရှိတယ်။ ဒီထုံးစံဟာ တခြားဒေသတွေမှာတော့ မသိနိုင်တော့ပေမဲ့ ဖောင်းပြင်နယ်မှာနေကြတဲ့ ရှမ်းရွာတွေမှာတော့ ခုတထိ ရှိနေတုန်းပဲ ။
ဒါကြောင့် မိဖုရားတော်ကောက်ဖို့ လာခဲ့တဲ့ မင်းတရားမှာလည်း ရှမ်းမင်းတရားဖြစ်လေတော့ ငါးရှဉ်နဲ့ လက်ဖက်ကျည်တောက်တွေပါ တော်တော်များများပါလာတယ်။ ဒါပေမဲ့ အသည်းလည်းကွဲ ချစ်မိသူလည်း အသက်ဆုံး ရှုံးခဲ့တဲ့ အချစ်ရှုံးသမား ဘုရင်မင်းတရားဟာ ပါလာတဲ့ငါးချဉ်ထုပ်တွေနဲ့ လက်ဖက်ကျည် တောက်တွေကို ပြန်လည်းမယူချင်တော့တဲ့အတွက် ချစ်မိသူ နန်းခမ်းတို့ ချစ်သူနှစ်ဦး ခုန်ချ အသက်စတေးခဲ့ကြတဲ့ ကျောက်တောင်ကြီးအောက်တည့်တည့်က မြစ်အလယ်လောက်ကို လှေနှင့်သွားပြီး ၀မ်းနည်းကြေကွဲစွာနဲ့ပဲ ရေထဲမြောချလိုက်တယ်လို့ ဆိုလို့ပါတယ်။ ပြီးတော့ အဘွားကဆက်ပြောသေးတယ်၊ ဘုရင်မင်းတရားရဲ့ ၀မ်းနည်းကြေကွဲတဲ့ ဝေဒနာတွေကြောင့် မင်္ဂလာ ငါးချဉ်နှင့် လက်ဖက်မြောချရာ တည့်တည့် မြစ်ကြောင်းနေရာမှာ ရေများလာသည့်နှင့်အမျှ ရေဝဲကြီးတစ်ခုကလည်း ပေါ်ပေါ်လာတတ်သတဲ့။
ငယ်စဉ်က အဖွားပြောတဲ့ နန်းခမ်း မောင်တို့ရဲ့ ပုံပြင် ရွှေပလ္လင်ဆိုတဲ့ပုံပြင်ပါ။
ဘ၀တိုင်း ဘ၀တိုင်း ရွှေလက်တွဲ ခိုင်မြဲနိုင်ကြပါစေ။
(ရွှေပလ္လင်တောင်သည် မော်လိုက်နယ်နှင့် ဖောင်းပြင်နယ် အကြား ဖောင်းပြင်နယ်ဧရိယာထဲတွင်ရှိသည်)
***ဆရာတော် Sao Chitta Linkara မှ ကူးယူဖော်ပြပါသည်***

Comments
Post a Comment