မဆိုင်ဘူးထင်ပြီး အသာနေတော့
မဆိုင်ဘူးထင်ပြီး အသာနေတော့
ရွာတစ်ရွာမှာ လယ်သမားလင်မယားနှစ်ယောက်ရှိသတဲ့။ဒီလင်မယားက
သူတို့အိမ်မှာ ကြက်ရယ်၊ ၀က်ရယ်၊ နွားရယ် သတ္တဝါ(၃)ကောင်ကို ကျွေးမွေးထားသတဲ့။
ဒီကျွေးတဲ့အစာတွေကို သူတို့မွေးထားတာမဟုတ်တဲ့ ကြွက်တစ်ကောင်ကလာရောက်စားသောက်နေတာမကြိုက်ဘူးတဲ့။
ဒါကြောင့် လယ်သူမကြီးကမြို့ရောက်တုန်း ကြွက်ထောင်ချောက်၀ယ်လာသတဲ့။
ဒါကိုသတင်းရသွားတဲ့ကြွက်က
” ကိုကြက် လယ်သူမကြီးတော့ကြွက်ထောင်ချောက်၀ယ်လာပြီ၊ ကိုကြက်သတိထားဦး၊မဟုတ်ရင်
ဒုက္ခရောက်နေမှာဆိုးလို့…” ဆိုပြီးပြောသတဲ့ ကြက်ကိုပြောသတဲ့။
” ကြွက်ထောင်ချောက်၀ယ်တာ ငါနဲ့ဘာဆိုင်လို့လည်းတဲ့။ မင်းသာသတိထားနေတဲ့။
မင်းသတိပေးချင်ရင် ကို၀က်ကိုသွားပြော…”ဆိုပြီး ၀က်ဆီလွှတ်လိုက်သတဲ့။
ဒါနဲ့ကြွက်ကလည်း ၀က်ကိုသတိပေးစကားပြောတဲ့အခါ၀က်က
ကြွက်ထောင်ချောက်ဆိုတာငါနဲ့မဆိုင်ဘူး မင်းပြောချင်ရင်ကိုနွားကိုသွားပြောဆိုပြီး
လွတ်ပြန်လေတယ်။
ဒီလိုနဲ့နွားကလည်း ” ဒီကြွက်ထောင်ချောက်ကိုတက်နင်းမိရင်၊ ငါ့ခြေထောက်ဘာမှဖြစ်မဖြစ်ယုံမကဘူး၊
ကြွက်ထောင်ချောက်တောင် တစ်စစီဖြစ်သွားလိမ့်မယ်….”ဆိုပြီးကြွက်ကိုပြောသတဲ့။
ဒီလိုနဲ့ တနေ့မှာ အိမ်နောက်ဖေးမှာချောက်ဆိုပြီး အသံကြားလို့ ယာသူမကြီးသွားကြည့်တဲ့အခါမှာ
ကြွက်ထောင်ချောက်မှာ သတ္တဝါတစ်ကောင်မိနေသတဲ့..။ကြွက်မဟုတ်ပေမဲ့ ဘာကောင်မှန်းသိအောင်
သေသေချာချာအနားကပ်သွားကြည့်တဲ့အခါမှာ မြွေကြီးတစ်ကောင်ဖြစ်နေလေတယ်။ မြွေကြီးကလည်း
စိတ်ဆိုးဆိုးနဲ့ အနားကပ်လာတဲ့ယာသူမကြီးခြေထောက်ကိုတစ်အားပေါက်ချလိုက်ပါရော…။
ဒီအခါမှာ ယာသူမကြီးမှာ မြွေဆိပ်တက်ကာ အိပ်ယာထဲမှာလဲ…ဆေးဆရာခေါ်ရပါတော့တယ်…။
အရပ်ထဲကသူတွေလာကြည့်ကြရင်း ညစာချက်ဖို့အချိန်ရောက်လာတော့ အလျှင်မမှီတာနဲ့ အိမ်အောက်က
ကြက်ကိုရိုက်ချက်ပြီး ဧည့်သည်တွေကိုကျွေးပါတယ်..။ ဒီလိုနဲ့နောက်နေ့မနက်မနက်မှာ ရွာနီးခြောက်စပ်က
ဆွေမျိုးတွေလာတော့လည်း လယ်သမားကြီးက အလုပ်ရှုပ်နေတာကြောင့် အိမ်က၀က်ကိုချက်ကာကျွေးပြန်ပါရော…။
ဒီလိုနဲ့ ၃ရက်မြောက်တဲ့နေ့မှာ
လယ်သူမကြီးဆုံးတော့ နွားကိုချက်ကာ ရက်လည်လိုက်သတဲ့..။
#Credit

Comments
Post a Comment