အရောင်ပြောင်းသွားသော ခွေးအ
အရောင်ပြောင်းသွားသော ခွေးအ
-
တစ်ခါက အင်မတန် ကောက်ကျစ်စဉ်းလဲတဲ့ ခွေးအတစ်ကောင်ရှိပါသတဲ့။ ခွေးအဟာ နာမည်ကသာ "အ" နေပေမယ့် အင်မတန်ဥာဏ်နီ၊ ဥာဏ်နက် များလွန်းလှတယ်။ အဲဒီလို ဥာဏ်များလွန်းတဲ့အပြင် ကြီးနိုင်ငယ်ညှဉ်း၊ အပေါ်ဖား၊ အောက်ဖိ စရိုက်လည်းရှိတယ်။ သူ့ထက် အင်အားသေးငယ်တဲ့ တိရစ္ဆာန်လေးတွေကို အနိုင်ကျင့်သတ်ဖြတ်တတ်ပေမယ့် သူ့ထက် အင်အားကြီးတဲ့ ဆင်၊ ကျား၊ ခြင်္သေ့တွေကိုတော့ ဖော်လံဖားလုပ်တတ်သေးသတဲ့..။
-
ညတစ်ညမှာတော့ ခွေးအရဲ့ ၀မ်းဗိုက်ဟာ တဂွီဂွီ တဂွမ်ဂွမ်မြည်လာပြီး အင်မတန်ဆာလောင်လာတယ်။ ခွေးအရဲ့ အကြောင်းကို သိနေကြတဲ့ တောအုပ်တစ်ခုလုံးက တိရစ္ဆာန်တွေဟာလည်း သူ့ကို ဝေးဝေးရှောင်ရှားနေကြတာကြောင့် သူ့အတွက် ရိက္ခာအခက်အခဲဖြစ်လာတယ်။ အဲဒါကြောင့် ခွေးအဟာ လူတွေနေထိုင်တဲ့ ရွာတစ်ရွာထဲကို၀င်ပြီး အစာရှာဖို့ ချောင်းမြောင်းချဉ်းကပ်လာတယ်။ ခွေးအဟာ အမှောင်ကိုအားကိုးပြီး ရွာ၀င်လမ်းအတိုင်း ချောင်းမြောင်းချဉ်းကပ်လာတယ်။ အဲဒီအခိုက်မှာပဲ ရွာသားတွေမွေးထားတဲ့ ခွေးတွေဟာ ခွေးအကို ထိုးဟောင်ကြတယ်။ ခွေးအကို ဝိုင်း၀န်းဖမ်းဆီးကြတယ်။
-
အဲဒီလို အားကြီးတဲ့ ရန်သူနဲ့ရင်ဆိုင်ရတဲ့အခါမှာ ခွေးအဟာ ဆောက်တည်ရာမရ ပြေးလွှားတယ်၊ တွေ့ရာ ခွေးတိုးပေါက်က တိုး၀င်ပုန်းအောင်းတယ်။ ခြေဦးတည့်ရာ အစွမ်းကုန်ပြေးတယ်။ အဲဒီလို ကြောက်လန့်တကြားပြေးလွှားနေတဲ့ ခွေးအအတွက် ကံကောင်းစေမယ့် အဖြစ်အပျက်တစ်ခုတော့ ဖြစ်လာခဲ့တယ်။ အဲဒါကတော့ ခွေးအဟာ အ၀တ်အထည် အရောင်ဆိုးတဲ့ အိမ်တစ်အိမ်ရဲ့ ဂိုဒေါင်ထဲကို ရောက်ရှိသွားတာပဲဖြစ်တယ်။ အဲဒီလို အ၀တ်အထည် အရောင်ဆိုးတဲ့ဂိုဒေါင်ထဲမှာတော့ ဆိုးဆေးအရောင်အသွေးပေါင်းစုံဟာ စည်အသီးသီးနဲ့ရှိနေကြတယ်။ ခွေးအဟာ ကြောက်လန့်တကြား ပြေးလွှားရင်းနဲ့ အပြာရောင်ဆိုးဆေးတွေထည့်ထားတဲ့ စည်ပိုင်းတစ်လုံးကို တိုက်မိတယ်။ အဲဒီအခါ ဆိုးဆေးအပြာရောင်တွေဟာ ခွေးအရဲ့ ကိုယ်ပေါ်ကို မှောက်ကျကုန်ကြတယ်။ အဲဒီအခါ ခွေးအဟာ အသွင်ပြောင်းသွားတဲ့ အပြာရောင်ခွေးအတစ်ကောင် ဖြစ်လာခဲ့တယ်။
-
အဲဒီလိုနဲ့ ခွေးအဟာ ဆိုးဆေးဂိုဒေါင်ကနေ ခပ်တည်တည်နဲ့ထွက်လာတယ်။ သူ့နောက်ကို လိုက်လာကြတဲ့ ခွေးအုပ်ဟာ ခွေးအကို မြင်တွေ့ပေမယ့်လည်း မမှတ်မိနိုင်အောင်ဖြစ်သွားကြတယ်။ "ထူးဆန်းတဲ့ အပြာရောင် သတ္တဝါကြီးပါလား" လို့ တွေးတောကြောက်ရွံ့ကြတယ်။ ခွေးတွေဟာ အမြီးကုပ်ပြီး ထွက်ပြေးသွားကြတယ်။ ခွေးအကတော့ မိန့်မိန့်ကြီးပြုံးလို့ ကျန်ရစ်ခဲ့တယ်။
-
နောက်တနေ့မနက်မှာတော့ ခွေးအဟာ တောအုပ်ကို ပြန်လည်ရောက်ရှိလာတယ်။ ခွေးအဟာ အင်မတန် တည်ငြိမ်ပြီး သိက္ခာကြီးမားတဲ့ မျက်နှာပေါက်မျိုးဖမ်းထားတယ်။ သူ့ကို သွေးတိုးစမ်းဟိန်းဟောက်လာတဲ့ သတ္တဝါမှန်သမျှကိုလည်း တစ်ချက်မျှငဲ့မကြည့်ပဲ တောဘုရင်တစ်ကောင်ရဲ့ ခြေလှမ်းမျိုးနဲ့တစ်လှမ်းခြင်း လှမ်း၀င်လာတယ်။ တောကောင်ကြီးငယ် တွေဟာလည်း "အင်မတန်ထူးဆန်းတဲ့ အသွေးအရောင်နဲ့ ထူးဆန်းတဲ့ သတ္တဝါကြီးပါလား၊ သူ့စွမ်းအားဘယ်လောက် ကြီးမယ်ဆိုတာ ခန့်မှန်းလို့မရဘူး၊ ပြေးတာကောင်းတယ်" လို့တွေးတောပြီးထွက်ပြေးကြတယ်။ အဲဒီအခါမှာတော့ ခွေးအက
-
"အို.. သေးနုပ်သိမ်ဖျင်းကြတဲ့ မြေကမ္ဘာက တိရစ္ဆာန်တို့... မပြေးကြလင့်.. ငါသည်ကား ကောင်းကင်ဘုံနတ်နန်းမှ ဆင်းသက်လာသူ သုံးလောကကို အစိုးရတဲ့ အင်မတန်ဘုန်းတန်ခိုးကြီးမားတဲ့ ဘုရင်ကြီးပဲဖြစ်ပေတယ်။ သင်တို့တောအုပ်နဲ့ သင့်တော်တဲ့ ဘုရင် မရှိတဲ့အဖြစ်ကို ငါကိုယ်တော်သိမြင်ပြီး သင်တို့ကို သနားလှတာကြောင့် သင်တို့ တောအုပ်ကို စိုးမိုးအုပ်ချုပ် မင်းလုပ်ဖို့ အောက်တန်းကျလှတဲ့ မြေကမ္ဘာကို ဆင်းသက်လာရတာဖြစ်ပေတယ်။ ငါ့ကို ခစားလုပ်ကြွေးကြပေတော့။ တကယ်လို့ ငါ့ထံမခစား မလုပ်ကြွေးပဲရှိတဲ့ တောကောင်မှန်သမျှကို ငါ့အစွမ်းနဲ့ အမှုန့်ကြိတ်၊ အရည်ဖျော်သောက်ရပေမယ်"
အဲဒီအချိန်ကစပြီး ခွေးအဟာ တောအုပ်မှာထင်တိုင်းကြဲတယ်။ ခွေးအရဲ့အကျင့်အတိုင်း ကြီးနိုင်ငယ်ညှဉ်းလုပ်တယ်။ အလစ်သုပ်တယ်။ ခိုးဝှက်တယ်။ ကိုယ်ကျိုးကိုပဲကြည့်တယ်။ အဲဒီအပြင် သူ့ကိုပိုပြီးကြောက်ရွံ့သည်ထက် ကြောက်ရွံ့လာအောင် ဟိန်းဟောက် ခြောက်လှန့်တယ်။ သူ့အကြောင်း မကောင်းပြောမိတဲ့တိရစ္ဆာန်ကိုလည်း သတ်ဖြတ်ညှဉ်းဆဲပြန်တယ်။ ခွေးအဟာ အရောင်အသွေးပြောင်းပေမယ့် နဂိုဗီဇကို မဖျောက်နိုင်သူသာဖြစ်တယ်။
-
အဲဒီလိုနဲ့ တစ်နေ့တော့ ခွေးအအတွက် ကံဆိုးမိုးမှောင်ကျတဲ့ နေ့တစ်နေ့ ရောက်လာတယ်။ အဲဒါကတော့ ဆောင်းညတစ်ညရဲ့ လပြည့်ညတစ်ခုပဲဖြစ်တယ်။ အဲဒီလပြည့်ညမှာတော့ ဟိုးအဝေးတစ်နေရာဆီက ခွေးအ တစ်အုပ်ဟာ ဆွဲဆွဲငင်ငင် အူကြတယ်။ အဲဒီလို အမျိုးတူ ခွေးအတွေရဲ့ အားပါးတရ အူသံတွေကို ကြားတဲ့အခါ အပြာရောင်ခွေးအဟာ မရိုးမယွ ဖြစ်လာတယ်။ သူဟာ ခွေးဘာသာဘာ၀ အားပါးတရ အူချင်လာတယ်။ ဒါပေမယ့်လည်း သူအူလိုက်ရင် သူ့ရဲ့ ဇာတိရုပ်ပေါ်သွားမှာကိုလည်း သူစိုးရိမ်နေတယ်။ အဲဒီလို ချီတုံချတုံဖြစ်နေတဲ့ခွေးအဟာ မအူမိအောင် သူ့နှုတ်သီးကိုကြိတ်မှိတ်ပြီး ပိတ်ထားရတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ ဗီဇကို မလွန်ဆန်နိုင်တဲ့ခွေးအဟာ အားပါးတရကြီး အူချလိုက်တော့တယ်
-
"ဝူ....အူ.....အူ........."
-
အဲဒီလို ခွေးအရဲ့ အူသံကို ကြားတဲ့အခါ တောရိုင်းတိရစ္ဆာန်တွေဟာ အံ့သြတကြီးဖြစ်သွားကြတယ်။ သူတို့ ဘုရားမှတ်လို့ ကိုးကွယ်ခဲ့သူ ဘုရင်ကြီးဟာ ခွေးအတစ်ကောင်သာဖြစ်တယ်ဆိုတာ ကောင်းကောင်းသိသွားကြတယ်။ သူတို့ကို မလိမ့်တပတ်လုပ်ပြီး အမြတ်ထုတ်ခဲ့တဲ့အဖြစ်ကိုလည်း တွေးတောပြီး ဒေါသထွက်လာကြတယ်။ အဲဒီအခါမှာတော့ တိရစ္ဆာန်အပေါင်းဟာ ခွေးအကို ဖမ်းဆီးရိုက်ပုပ်ပြီး သတ်ဖြတ်ပစ်လိုက်ကြတယ်။
-
ဒီပုံပြင်ဟာ ကျွန်တော်တို့အတွက် စဉ်းစားစရာအချက်တွေတော်တော်များများပဲထားရစ်ခဲ့တယ်။ ပထမဆုံးအနေနဲ့
-
One, who treats his own people with scorn, shall surely suffer a bitter end. ဆိုတဲ့ အမျိုးတူ၊ အချင်းချင်းအပေါ် ပြန်လည် အနိုင်ကျင့်တတ်၊ အမြတ်ထုတ်တတ်တဲ့သူတွေဟာ ဇာတ်သိမ်း မကောင်းကြဘူးဆိုတဲ့ အကြောင်းပဲဖြစ်တယ်။ ပုံပြင်တစ်ပုဒ်အဖြစ် ဒီအဖြစ်အပျက်ဟာ မှန်ကန်နေရုံမျှမက ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာကြီးပေါ်မှာ ခွေးအနဲ့တူတဲ့ အချင်းချင်းအပေါ် အာဏာပြအနိုင်ကျင့်ခဲ့သူတွေ၊ ကိုယ့်နိုင်ငံသားတွေ ဘယ်လောက်ပဲ ဆင်းရဲဒုက္ခရောက်နေပါစေ ခွေးအလို အနိုင်ကျင့်၊ ကိုယ်ကျိုးရှာသူတွေအားလုံးရဲ့ သမိုင်းကြောင်းတွေကို ပြန်လည် လေ့လာမယ်ဆိုရင်လည်း သူတို့တွေအားလုံးဟာ ဇာတ်သိမ်းမလှခဲ့တာကို တွေ့ကြရမှာပဲဖြစ်တယ်။ နောက်ဆုံးမှာလည်း ခွေးအနဲ့ နဂိုဇစ်မြစ်ပေါ်ပေါက်သလို သူတို့ လုပ်ခဲ့သမျှ မကောင်းမှုတွေဟာလည်း တစ်နည်းနည်းနဲ့ ပြန်လည် ပေါ်ပေါက် ရစမြဲပဲဖြစ်တယ်။
-
နောက်တစ်ခုအနေနဲ့ကလည်း လူယုတ်မာတွေမှာ အသွေးအရောင်မရှိဘူးဆိုတဲ့အချက်ပဲဖြစ်တယ်။ ကျွန်တော်တို့တွေအားလုံးဟာ တောအုပ်ထဲက တိရစ္ဆာန်တွေလို အပေါ်ယံ အသွေးအရောင်ကို ကြည့်ပြီး ကြောက်ရွံ့ကြ၊ ကြည်ညိုကြ၊ လေးစားသမှုပြုကြသူတွေပဲဖြစ်တယ်။ အပြာရောင် ခွေးအကို တိရစ္ဆာန်တွေကြောက်ရွံ့နေကြသလို သူဟာ ဘာလူမျိုးဖြစ်လို့၊ သူဟာ ဘယ်ယူနီဖောင်း၊ ဘယ်၀တ်ရုံကို ၀တ်ဆင်သူဖြစ်လို့ ဆိုတဲ့အပေါ်ယံ အဆင်တံဆာနဲ့ အသွေးအရောင်ကို ကြည့်ပြီးသာ ဆုံးဖြတ်တတ်ကြသူတွေပဲဖြစ်တယ်။ တကယ်တမ်းမှာတော့ မကောင်းမှုပြုသူ၊ စိတ်ယုတ်မာရှိသူတွေဟာ လူမျိုး၊ ဘာသာ၊ အသွေးအရောင် ဘယ်လိုပဲပြောင်းလဲနေပါစေ၊ မတူကွဲပြားနေပါစေ၊ ကောက်ကျစ်သူဟာ ကောက်ကျစ်မှာပဲဖြစ်တယ်။ သဘောကတော့ လူယုတ်မာ နဲ့ သူတော်ကောင်းဟာ အသားအရောင်၊ ဘာသာရေး၊ အလုပ်အကိုင်၊ ယူနီဖောင်း စတာတွေနဲ့ ခွဲခြားလို့မရဘူးဆိုတာပဲဖြစ်တယ်။ အသားမည်းလို့ ကောက်ကျစ်တယ်၊ အသားဖြူလို့ စိတ်ထားပါဖြူတယ်လို့ မရှိသလို ကျွန်တော်တို့တွေအားလုံးရဲ့ အသွေးအရောင်နဲ့၊ ယုံကြည်မှုတွေဟာ လူသားတစ်ယောက်ရဲ့ လူပီသခြင်းအပေါ် တစ်စုံတစ်ရာမျှ အကျိုးသက်ရောက်စေမှာ မဟုတ်ဘူး ဆိုတာပဲဖြစ်တယ်။ ခွေးအဟာ အပြာရောင်ပြောင်းသွားပေမယ့် စိတ်ဓါတ်ဟာ ကောက်ကျစ်မြဲဖြစ်သလို ကျွန်တော်တို့တွေရဲ့ အပေါ်ရံအ၀တ်အထည်၊ အသားအရောင်၊ ယုံကြည်မှု ဘယ်လိုပဲ ပြောင်းနေပါစေ ကောက်ကျစ်သူဟာ ကောက်ကျစ်သူမျှသာဖြစ်တယ်။ လူသားဟာလည်း လူသားတွေပဲဖြစ်တယ်။
-
(ဖြိုးသုတ)

Comments
Post a Comment