ဖားအော်သံတွေလို့ပဲ သင် မှတ်ယူလိုက်ပါ
လယ်သမားတစ်ယောက်က မြို့ပေါ်တက်လာတယ် ပြီးတော့ စားသောက်ဆိုင် ပိုင်ရှင်ကို မေးတယ် ။
“ ကျွန်တော့်ဆီမှာ ဖားခြေထောက်တွေ သန်းနဲ့ချီပြီး ရနိုင်တယ် ဒီမှာ သွင်းလို့ရမလား ” စားသောက်ဆိုင်ပိုင်ရှင်က အရမ်းကိုအံ့သြသွားတယ် ။ ပြီးတော့ ဘယ်လိုလုပ်ပြီး ဒီလောက်များတဲ့ဖားတွေ ရနိုင်မလဲဆိုတာ မေးတယ် ။
လယ်သမားကပြန်ဖြေတယ် ။ “ ကျွန်တော့်အိမ်နားမှာ ရေကန်တစ်ကန်ရှိပါတယ် အဲဒီကန်ကြီးဟာ ဖားတွေနဲ့ ပြည့်နှက်နေပါတယ်။ တစ်ညလုံး ဖားအော်သံတွေနဲ့ ကျွန်တော့်ကို အရမ်း စိတ် အနှောက်အယှက် ပေးတာပါပဲ ” ဒီလိုနဲ့ စားသောက်ဆိုင်ပိုင်ရှင်နဲ့ လယ်သမားဟာ သဘောတူညီမှု တစ်ခု လုပ်လိုက်ကြတယ် ။
လယ်သမားဟာ အပတ်စဉ် ဖားတွေကို စားသောက်ဆိုင်ပို့ရမှာဖြစ်ပြီး တစ်ပတ်ကို အကောင် ၅၀၀ခန့်ပို့ဖို့ သဘောတူလိုက်ပါတယ်။
ပထမဆုံးအပတ်မှာ လယ်သမားဟာ စားသောက်ဆိုင်ကို ရှက်ကိုးရှက်ကန်း မလုံမလဲ မျက်နှာနြဲ့ ပန်ရောက်လာတယ် ။ သူ့လက်ထဲမှာလည်း ပိန်လှီဖျော့တော့တဲ့ ဖားကလေး ၂ ကောင်ပဲပါလာတယ် ။ စားသောက်ဆိုင်ပိုင် ရှင်က မေးတယ် ။
“ ခင်ဗျားပြောတဲ့ ဖားတွေအများကြီး ဆိုတာ ဘယ်မှာလဲ ” လယ်သမားက ပြန်ဖြေတယ် “ ကျွန်တော် အထင်မှားသွားတာပါ ရေကန်ထဲမှာ တကယ်တော့ ဖား ၂ ကောင်ပဲ ရှိပါတယ် ဒါပေမယ့်သူတို့က တအားဆူညံပြီး ကျနော့်ကို ဒုက္ခပေးခဲ့တာပါ ”
==============================
နောက်တစ်ကြိမ် လူတွေက သင့်ကို ဒုက္ခပေးနေပြီ မကောင်းကြောင်း ပြောနေပြီဆိုပါစို့ .. ရေကန်ထဲက ဖားအော်သံတွေလို့ပဲ သင်မှတ်ယူလိုက်ပါ ။ တကယ်တော့ ပြဿနာတွေဆိုတာ မမြင်ရသေးခင် အမှောင်ထဲမှာ အကြီးကြီးလို့ ထင်နေတတ်ကြတယ် သင်ရော ညဖက်အိပ်ရာထဲမှာ နောက်တစ်နေ့အတွက် (ဖားအော်သံတွေ ကြားနေရသလိုမျိုး) ပြဿနာတွေ ပေါင်းစုံတွေးပြီး စိတ်ဖိစီးမှုတွေ အရမ်း များခဲ့ဖူး ပါသလား ။
နောက်တစ်နေ့ မနက်ရောက်လာတဲ့အခါ ပြဿနာဆိုတာတွေကို အနီးကပ်ကြည့်ကြည့်ပါ သင့်အတွက် အဖြေဆိုတာ ရှာတွေ့လာပါလိမ့်မယ် မမြင်ရ .. မရှင်းရတဲ့ သံသယတွေကသာ ရေရေရာရာမသိသေးခင် ကြီးမားတယ်လို့ ထင်တတ်ကြပါတယ် ။
သက်တန့်ချို
Comments
Post a Comment