'တရားမျှတပါပေတယ်

''တရားမျှတပါပေတယ်'' (ဟာသပုံပြင်)
~~~~~~~~~~~~~
တစ်ခါက ရွာတစ်ရွာရှိ မောင်အေး၏ ဟင်းသီးဟင်းရွက်စိုက်ခင်းတွင်းသို့ ဆိတ်တစ်ကောင် ဝင်စားလေသည်။
မောင်အေးသည် ဒေါသထွက်ထွက်နှင့် ဆိတ်ကို ဓားနှင့်ခုတ်ရာ ဆိတ်သေလေသည်။
ထိုအကြောင်းကို ဆိတ်ပိုင်ရှင် မောင်ခွေးသိသော် သူ့ဆိတ်သေရ၍ မကျေနပ်ဖြစ်ကာ ထင်းတုံးနှင့် ကောက်ပစ်လေရာ မောင်အေးမိန်းမ ကိုယ်ဝန်သုံးလ ပျက်ကျလေသည်။
ဤပြဿနာသည် နောက်ဆုံး ကျေးရွာအုပ်ချုပ်ရေးမှူးထံရောက်လာရာ အုပ်ချုပ်ရေးမှူးက ဤသို့ ဆုံးဖြတ်ပေးလိုက်လေသည်။
'' မောင်အေးသည် မောင်ခွေးဆိတ်ကို ဓားနှင့်ခုတ်၍ ဆိတ်သေရသဖြင့် မောင်အေးသည် မောင်ခွေးကို ဆိတ်တစ်ကောင် အစားပြန်လျော်စေ''
''မောင်ခွေး ထင်းတုံးနှင့်ပစ်၍ မောင်အေးမိန်းမ ကိုယ်ဝန်သုံးလ ပျက်ကျရသဖြင့် မောင်ခွေးသည် မောင်အေးမိန်းမအား ကိုယ်ဝန်သုံးလရှိအောင် ပြန်လုပ်ပေးစေ''
#Credit

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်