ဖယောင်းတိုင်လေးတိုင် ပုံပြင်
ဖယောင်းတိုင်လေးတိုင် ပုံပြင်
===============================
တစ်ခါတုန်းက...အခန်းလေးတစ်ခန်းထဲမှာ ဖယောင်းတိုင်လေးလေးတိုင်ထွန်းလင်းတောက်ပ နေကြပါသတဲ့...။ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်ငြိမ်သက်နေတာကြောင့် သူတို့လေးတွေ စကားပြောနေကြတာကို အတိုင်းသားကြားနေရတာပေါ့…။
ပထမဖယောင်းတိုင်လေးက ပြောတယ်…
"ငါက ငြိမ်းချမ်းမှုဖယောင်းတိုင်လေးပါ… ဘာပဲဖြစ်ဖြစ် ငါ့ကိုဘယ်သူမှဂရုမစိုက်ကြတော့ရင် ငါ့မီးတောက်ကလေး ငြိမ်းသွားမှာသေချာတယ်..''
ဒီလိုနဲ့ ပထမဖယောင်းတိုင်လေးရဲ့ မီးတောက်လေးဟာ တဖြည်းဖြည်းမှိန်လာပြီး လုံးဝငြိမ်းသွားပါတော့တယ်…။
ဒုတိယဖယောင်းတိုင်လေးကလည်း ပြောတယ်…
“ငါကတော့ ‘ယုံကြည်ချက်’ ဆိုတဲ့ဖယောင်းတိုင်လေးပါ… ငါကမရှိမဖြစ်အရာမဟုတ်ပါဘူး…ငါ့အလင်းရောင်ထွန်းလင်းနေလို့လည်း ဘာမှထူးခြားမှုဖြစ်လာမှာမဟုတ်ပါဘူး…”
လို့ ပြောပြီးမကြာခင် လေပြေလေးတစ်ချက်အဝေ့မှာ ဒုတိယဖယောင်းတိုင်မီးစလေးလည်း ငြိမ်းသွားပါတယ်…။
တတိယဖယောင်းတိုင်းလေးကလည်း သူ့အလှည့်ရောက်လာတော့ ဝမ်းနည်းစွာနဲ့ပြောတယ်…
“ငါက ‘ချစ်ခြင်းမေတ္တာတရား’ ပါ…။ ငါလည်း ဆက်လက်ထွန်းလင်းနေဖို့ အင်အားမရှိတော့ဘူး…။ လူတွေက ငါ့ကိုဥပေက္ခာပြုထားကြပြီး ငါ့ရဲ့ အရေးပါမှုကို နားမလည်ကြတော့ဘူး…သူတို့နဲ့ အနီးဆုံးလူတွေကိုတောင် မေတ္တာထားဖို့ မေ့လျော့နေကြကုန်ပြီ…”
လို့ဆိုပြီး ခဏအကြာမှာ ငြိမ်းသွားပြန်သတဲ့…။
ရုတ်တရက် အခန်းထဲကို ကလေးလေးတစ်ယောက်ဝင်လာပြီး ဖယောင်းတိုင်လေးသုံးတိုင်က မီးငြိမ်းနေတာတွေ့လိုက်တယ်…။
“ ဒီဖယောင်းတိုင်လေးတွေက ဘာလို့ ဖယောင်းတိုင်ကုန်တဲ့အထိမလင်းဘဲ ငြိမ်းသွားတာလဲ… “ လို့ဆိုပြီး ကလေးလေးက ငိုပါသတဲ့…။
ဒီတော့ စတုတ္ထဖယောင်းတိုင်လေးကပြောတယ်…
“ဘာမှ မပူပါနဲ့ ကလေး… ငါ့အလင်းရောင်တွေမငြိမ်းသေးသ၍ ဟိုငြိမ်းသွားတဲ့ ဖယောင်းတိုင်လေးတွေကို ပြန်ထွန်းညှိလို့ရပါတယ်…ငါကတော့ ‘မျှော်လင့်ချက်’ ဖယောင်းတိုင်လေးပါ…” လို့ဆိုသတဲ့…။
ကလေးလေးရဲ့ မျက်ဝန်းမှာအရောင်လေးတွေ တောက်ပလာပြီး မျှော်လင့်ချက် ဖယောင်းတိုင်လေးကို ယူကာ ငြိမ်းနေတဲ့ဖယောင်းတိုင်လေးတွေကို ပြန်ထွန်းညှိလိုက်ပါတော့သတဲ့…။
ဒီလိုပါပဲ သယ်ရင်းရေ… ‘မျှော်လင့်ချက်’ ဆိုတဲ့ မီးတောက်လေးကို ငါတို့ဘဝတွေထဲက ပျောက်ကွယ်မသွားစေသင့်ဘူး…ဒါမှသာ ငါတို့တတွေရဲ့ မျှော်လင့်ချက်… ယုံကြည်ချက်…ငြိမ်းချမ်းမှု … နဲ့ ချစ်ခြင်းမေတ္တာတရားတွေကို ထာဝရ ထိန်းသိမ်းထားနိုင်မှာပေါ့…။
မင်းက မျှော်လင့်ချက်တွေကို ဥပေက္ခာပြုချင်ပြုပါလိမ့်မယ်… မျှော်လင့်ချက်ကတော့ မင်းကို ဘယ်တော့မှ စွန့်ပြစ်မသွားပါဘူး…။ မင်းရဲ့ အကြောက်တရားက ပြောတာတွေနားမထောင်ပါနဲ့
မင်းရဲ့မျှော်လင့်ချက် နဲ့ အိပ်မက်တွေက ပြတဲ့လမ်းကိုသာ ဆက်လျှောက်ပါ…။
အခက်အခဲပြဿနာတွေကို မတွေးပါနဲ့…ဖြစ်လာနိုင်မယ့် အလားအလာကောင်းတွေကိုသာ တွေးပါ…။
မင်းရဲ့ ပင်ပန်းမှုတွေ…ကျရှုံးမှုတွေကို မကြည့်ပါနဲ့ ဘာကြောင့် ရှေ့ဆက်သင့်တာလည်းဆိုတဲ့ အကြောင်းကိုသာ စိတ်ဝင်စားပါ…
ဦးသုည
#Credit

Comments
Post a Comment