"ခုံသုံးလုံး ပုံပြင်"
"ခုံသုံးလုံး ပုံပြင်"
တစ်ခါသော် ပညာရှင် တစ်ဦးက လူအများ အတွက် အသုံးဝင် အကျိုး ရှိနိုင်သော ထိုင်ခုံ သုံးလုံးကို တီထွင် မှုပြုခဲ့လေသည်။
၁။ ကျန်းမာရေးခုံ
၂။ ခွန်အားဗလခုံ
၃။ ဥာဏ်ပညာခုံ
ထိုထိုင်ခုံသုံးလုံးမှာ သူ့နေရာ နှင့် သူအသုံးဝင်ပေလိမ့်မည်။
နံပါတ်တစ်ခုံက ကျန်းမာရေး မကောင်းသူများ တိုးတက်ကောင်းမွန် စေရန်ရည်ရွယ်သည်။
နံပါတ်နှစ်ထိုင်ခုံက ခွန်အား နည်းသူများကို ပြည့်စုံ လုံလောက် သော ခွန်အား များဖြည့်တင်းပေးနိုင် ပါသည်။
နံပါတ်သုံးထိုင်ခုံက လူတို့၏ ဥာဏ်ပညာကို ပို၍ တိုးတက်ကောင်း မွန်ရန်ဖြစ်ပါသည်။
နှစ်ရှည်လများ ထိုင်ခုံသုံးလုံးကို ပြုလုပ်၍ ပြီးစီးခြင်းကိုရလေသည်။
ထုံးစံအတိုင်း ထိုင်ခုံဖွင့်ပွဲကို ကြီးကျယ်ခမ်းနားစွာ ဖွင့်လှစ်ရန် အတွက် ရေမြေ့သနင်းပြည့်ရှင်မင်း ကိုယ်တိုင်ကြွရောက်လာလေသည်။
ဖဲကြိုးကို စက်ခလုတ်နှိပ်ချင် ယောင်ဆောင်၍ လက်ဖြင့် ဆွဲဖြတ် သည်။
တွေ့ပါပြီ ထိုင်ခုံ သုံးလုံး..
ထိုင်ခုံများက ဘာမျှ ထူးခြားမှု မရှိ။ သာမန်သစ်သားခုံများသာ။
ပြည့်ရှင်မင်းက ထိုင်ခုံသုံးလုံး အား မျက်မှောင်ကြုတ်ကြည့်ပြီး..
“ထိုင်ခုံက ဘာမှလည်း မထူး ခြားပါလား”
ပြည့်ရှင်၏အမေးကို ပညာရှင် က..
“မှန်ပါ ထိုင်ခုံ များမှာ ကြည့်ရ သည်သာ မထူးခြားသော်လည်း အစွမ်းကား ဧရာမကြီးမားပါသည် ဘုရား။ စမ်းကြည့်တော်မူပါ”
ပြည့်ရှင်မင်းက မသင်္ကာသော် လည်း ခေါင်းတညိတ်ညိတ်လုပ်ရင်း
“ဟုတ်ရင် ဟုတ်ပေါ့ကွာ”
ဆိုကာ ခပ်တည်တည်နှင့် ထိုင် ခုံသုံးလုံးဆီ လျှောက်သွားသည်။ ကြွရောက်လာကြသော မင်းပရိသတ် အပေါင်း ကလည်း ငေးမောနေကြ သည်။
“ထိုင်မယ်နော်”
ဘုရင်ကြီးက ပညာရှင်ထံခွင့် တောင်းသည်။ ပညာရှင်က ရိုကျိုးစွာ ခေါင်းညိတ်ပြီး..
“ဟုတ်ကဲ့။ ထိုင်ပါခင်ဗျ။ ထိုင် ကြည့်ပါ”
ဘုရင်ကြီးက ထိုင်ခုံသုံးလုံးကို လှည့်ကြည့်ရင်း ဘယ်ထိုင်ခုံက စထိုင် ရနိုးနိုးဖြစ်နေရာ ပထမဆုံး ကျန်းမာ ရေးထိုင်ခုံသို့ ထိုင်ချလိုက်သည်။
“ဟာ”
ဘုရင်ကြီး၏ မျက်နှာမှာ ကျေ နပ်မှုဖြင့် ဝင်းလက်လာသည်။ နောက် ထိုင်ခုံမှ ထလာပြီး..
“ကြည့်စမ်း မနက်ကငါ့ခြေ ထောက် ကျဉ်နေတာ အခုမကျဉ် တော့ဘူး။ နောက် ပြီး ငါ့နှလုံးခုန် သံ လည်း ပုံမှန်ပြန် ဖြစ်ပြီ။ငါ့မျက် လုံးလည်းမမှုန်တော့ဘူး။ ဟေး… ငါကျန်းမာရေး ကောင်းပြီကွ။နွား နို့သောက်စရာ မလိုတော့ ဘူး”
“ဟေး”
ဘုရင်ကြီး၏ စကားကို ပြည်သူ များ အားပေးကြသည်။
ကျန်းမာရေး ကောင်းသွားသော ဘုရင်က ပညာရှင်၏ ပခုံးကိုသွားပုတ် ပြီး..
“တော်တယ်၊ မောင်မင်းဆု တော်လာဘ်တော် ချီးမြှင့်ရမယ်”
ဆိုကာ
“နောက်ထိုင် ခုံတွေကကော ဒီလိုစွမ်းရဲ့ လားမောင်မင်း”
ပညာရှင်က
“ရှင်ဘုရင်ကြီး ကိုယ်တိုင်ပဲ စမ်းကြည့်ပါခင်ဗျ”
ဘုရင်ကြီးက ခေါင်းတညိတ် ညိတ်လုပ်ရင်း ထိုင်ခုံများ ဆီပြန်သွား သည်။ ပြီးနောက် ခုံနှစ်ခုံကို ဟိုခုံဝင် ထိုင်ရနိုး၊ ဒီခုံ ဝင်ထိုင်ရနိုး ချီတုံချတုံ ဖြစ်နေသည်။ ပြီးမှ မျက်စိ မှိတ်၍ ခုံတစ်လုံးပေါ် ထိုင်ချလိုက်သည်။
“ဟာ”
ဘုရင်ကြီး၏ အာမေဋိတ်သံ။ ပြီးနောက် မျက်နှာကြီး ဝင်းပပြီး
“ငါခွန်အားတွေ တိုးလာပြီ။ ခွန် အားတွေ တိုးလာပြီ။ ကြည့်စမ်း။ ငါ့လက်မောင်းကို ကငါဆယ့်ရှစ်နှစ် သားတုန်းကလိုပဲကြည့်စမ်းကြည့် စမ်း”
ဘုရင်းကြီးက သူ့လက်မောင်းကို ပင့်ပြသည်။
“ဟေး”
ပြည်သူများက အားပေးကြ ပြန်သည်။ ဘုရင်ကြီးက ပေါ့ပါးလန်း ဆန်းစွာ ပညာရှင်နားသွားပြီး
“မောင်မင်းတော်လွန်းသွားပြီ။ ဆုတော် လာဘ်တော် ချီးမြှင့်ရမယ်။ကဲ နောက်ဆုံး ထိုင်ခုံတစ်လုံးကဘာလဲ။
“ဥာဏ်ပညာ ခုံပါဘုရား”
ဘုရင်ကြီး ခေါင်းညိတ် ပြီး..
“ဥာဏ်ပညာခုံ ဟုတ်လား၊ ကဲ ထိုင်ကြည့်တာပေါ့”
ဆိုကာ နောက်ဆုံးခုံပေါ်ဝင် ထိုင်လိုက်သည်။
“ဟာ”
ဘုရင်ကြီး အာမေဋိတ်သံ။ ပြည် သူများက သူ့အား ဘာမြွက်ကြား လေမလဲဟု နားစွင့်နေသည်။ ဘုရင် ကြီးနှုတ်က ထွက်လာသည်က..
“ဘာမှမထူးဘူး”
ထိုစကားကြားတော့ ပညာရှင် ပျာတောက်သွားတယ်။
ခုံဆီသွားပြီး ချွတ်ယွင်းချက်များ ရှာကြည့်သည်။ ချွတ်ယွင်းမှု ဘာကိုမျှ မတွေ့ရ။ သေချာအောင် အထပ်ထပ် စစ်ဆေးသည်။ လုံးဝပြည့်စုံမှ
“တစ်ခါလောက်ပြန် ထိုင်ကြည့် ပါ အရှင်မင်းကြီး”
ဘုရင်ကြီးက ပြန်ဝင်ထိုင်သည်။
“အဲ”
ဘုရင်ကြီး မျက်လုံးပြူးသွား သည်။ နောက် ကြောင်တောင်တောင် နှင့် ပညာရှင်ကို ပြန်ကြည့်ပြီး
“ဘာမှပြောင်းမသွားဘူး”
ပညာရှင် ပျာပျာသလဲဖြစ်သွား ၏။ သူ့ခုံ၏ မှားယွင်းမှုများ ရှာသည်။ ပြင်သည်။ ပြန်ပြီး သေချာမှ..
“ပြန်ထိုင်ကြည့်ပါအရှင်”
ဘုရင်ကြီး ပြန်ထိုင်ကြည့်သည်။ ခေါင်းကို ယမ်းခါကာ
“ထူးပါဘူးဟာ”
ပညာရှင်ခုံကို အထပ်ထပ်ပြန် စစ်သည်။ ချွတ်ယွင်းချက် မတွေ့ရ။ နောက်မှ အဖြေရှာတွေ့ပြီး ဘုရင် ကြီး၏ ခေါင်းကိုဆွဲ ယူကြည့်လိုက် သည်။ ဘုရင်ကြီး၏ ဦးခေါင်း ကို အသေအချာကြည့်ပြီးမှ သက်ပြင်းချ ကာ ဤသို့လျှောက်၏။
“လေးမြတ်သော ရေမြေ့သခင် ဘုရင်ကြီးခင်ဗျာ။ ဤခုံများမှာ မစွမ်း မဟုတ်။ စွမ်းပါသည်။ ကျန်းမာရေး မကောင်းသူကို ကောင်းစေ၏။ မသန် သူကိုလည်း ဤခုံက စွမ်းစေပါ ၏”
“ဒါဖြင့် ဟိုခုံကကော စွမ်းလို့ လား၊ ဘာမှမစွမ်းဘဲ”
ဘုရင်ကြီး၏ ဖြတ်ပြောသော စကားကို ပညာရှင်က..
“အရှင်မင်းကြီး အမှန်ဆိုရသော် ထိုင်ခုံကလည်း စွမ်းပါသည်။ သို့သော် ခုံများ၏ ထုံးစံအရ ဥာဏ်ပညာ အနည်းငယ် ရှိသူကိုသာ ဥာဏ်ပညာပို တိုးပွားအောင် ပြုလုပ် ၍ရပါသည်။ အရှင်မင်းကြီး ကဲ့သို့ ဥာဏ်ပညာလုံးဝ မရှိသူကို ဥာဏ်ပညာ တိုးပွားပေးရန် မည်သည့် မည်သို့သော ထိုင်ခုံအရှိန် အဝါဖြင့် ပေးစွမ်း၍ မရနိုင်ခြင်း ပင် ဖြစ်ပေလေတော့၏”
”မီးရှို့ပစ်လိုက်”
ပညာရှင်၏ စကား မှန်ပေလိမ့်မည်။ ပြည်သူတွေ အတွက် အသုံးဝင်နိုင်သော ထိုင်ခုံ သုံးလုံးမှာ ဥာဏ် ပညာမရှိသော ဘုရင်ကြောင့် မီး လောင်တိုက် အသွင်းခံ လိုက် ရလေ တော့သတည်း။
အကြည်တော်

Comments
Post a Comment