ခြင်္သေ့ရေခြုံသောလား


တစ်ခါတုန်းက လားတစ်ကောင်ဟာ မုဆိုးတွေက ခြောက်သွေ့စေဖို့ နေလှန်းထားတဲ့ ခြင်္သေ့ရေ တစ်ခုကိုတွေ့သတဲ့။
ဒီခြင်္သေ့ရေကို ၀တ်ဆင်လိုက်ပြီး သူနေတဲ့ရွာဆီသွားတာပေါ.။သူ့ပုံပမ်းကို တွေ့ရင်ပဲ လူတွေရော၊ တိရစ္တနာန်တွေရော အားလုံးထွက်ပြေးကြသတဲ့။
အဲဒီနေ့ကသူဟာ ဂုဏ်မာနမြင့်နေတဲ့ လားတစ်ကောင်ဖြစ်နေတာပေါ့။ ၀မ်းသာလွန်းလို့ ဦးခေါင်းကို မြှောက်ပြီး ဟီလိုက်သတဲ့။
ဒီအခါမှာ လူတိုင်းကသူ့ ကိုသိလိုက်ပြီပေါ့၊ လားပိုင်ရှင်ရောက်လာတော့ ကြောက်လန့်စေရမလားဆိုပြီး လားကို ကောင်းကောင်းရိုက်တော့တာပဲ၊
မကြာမီ မြေခွေးတစ်ကောင် လားဆီရောက်လာပြီး ဆိုတာက…..
****မင်း ဟီ လိုက်လို့ လားမှန်းသိတာပဲ****
အ၀တ်အစားဖြင့် ဟန်ဆောင်နိုင်ပေမယ့် အနှစ်သာရမရှိသော စကားကြောင့် လူ့အန္ဒမှန်း သိစေသည်။

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်