အူမတောင့် မှသီလစောင့်မယ်(
အူမတောင့် မှသီလစောင့်မယ်(မြန်မာရိုးရာစကားပုံ ပုံပြင်)
ကလေးတို့ရေ........
တစ်ခါတုန်းက သစ်ကြုတ်တစ်ကောင်ဟာ
မြစ်ကမ်းအနီးမှာရှိတဲ့ ကျောက်ဖျာပေါ်မှာအိပ်နေသတဲ့။
အဲဒီအချိန်မှာပဲ မြစ်ရေတွေရုတ်တရက်ကျလာတာကြောင့်
သစ်ကြုတ်ဟာ မြစ်ကမ်းပါးကိုပြန်ပြီးမကူးနိုင်တော့ဘူးတဲ့။
ဒါကြောင့် ကျောက်ဖျာပေါ်မှာပဲ နေလိုက်ရပါတယ်။
သစ်ကြုတ်ဟာ ကျောက်ဖျာပေါ်မှာနေပြီး စားစရာ
မရှိတာကြောင့် အစာငတ်ပြီးသေမဲ့အစား ဥပုသ်သီလစောင်ပြီး သေတာက မြတ်သေးတယ်ဆိုပြီး
ဥပုသ်သီလကို အဓိဠာန်နဲ့စောင့်ကာ ကျောက်ဖျာပေါ်မှာ
အိပ်လိုက်သတဲ့။
အဲဒီအချိန်မှာ သိကြားမင်းဟာ သစ်ကြုတ်ရဲ့ ဥပုသ်သီလကို စမ်းသပ်လိုတာကြောင့် ဆိတ်ယောင်ဆောင်ပြီး သစ်ကြုတ်ရဲ့ရှေ့မှာ ပြေးလိုက်ပါတယ်။
အဲဒီအခါမှာ သစ်ကြုတ်ဟာ ဆိတ်ကိုမြင်ပြီး ရွှင်လန်းစွာနဲ့ ဥပုသ်သီလကို နောက်မှပြန်ယူတော့မယ် ဆိုကာ လိုက်ဖမ်းလိုက်သတဲ့။
ဒါပေမဲ့ ဆိတ်ဟာသိကြားမင်း ယောင်ဆောင်ထားတဲ့ ဆိတ်ဖြစ်တာကြောင့် ဘယ်လိုမှ ဖမ်းလို့မမိဘူးတဲ့။ ဒီလိုနဲ့ ဆိတ်ပျောက်သွားတဲ့အခါမှာတော့ သစ်ကြုတ်က "ငါဟာ ဆိတ်ကိုမမိသောကြောင့် ဥပုသ်သီလမပျက်သေး" လို့ဆိုပြီး တစ်ဖန်ပြန်အိပ်နေသတဲ့။ အဲဒီအခါမှာ သိကြားမင်းက ကိုယ်ယောင်ပြပြီး "ဟယ် သစ်ကြုတ် သင့်ရဲ့ဥပုသ်သီလဟာ အားနည်းတဲ့ဥပုသ်၊ အချည်းအနှီးဥပုသ်"လို့ ဆိုလိုက်ပါတယ်။
သစ်ကြုတ်လည်း သိကြားမင်းစကားကိုကြားတော့ မခံချင်စိတ်နဲ့ " သိကြားမင်း၊ အူမတောင့်မှ သီလစောင့်နိုင်မယ်" လို့ ပြောကာ ပြန်အိပ်လိုက်သတဲ့ကွယ်။
စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ
ကိုမျိုး(ပုံပြင်စာအုပ်)

Comments
Post a Comment