အရိုးသားဆုံးသော လူသားများ


အခါတစ်ပါးက ဘုရင်ကြီး တစ်ပါးဟာ သူ့တိုင်းပြည်တွင်းက အခြေနေတွေ အားလုံးကို အနီးကပ်လေ့လာချင်တဲ့ အတွက်သူပုန်းစားယောင် ဆောင်ပြီး မြို့ရွာ အနှံ့လျှောက်သွားပါတယ်။
ဘုရင်ကြီးဆိုတော့ သူကိုင်တဲ့ ခွက်က ရွှေသားအစစ်နဲ့လုပ်ထားတဲ့ ခွက်ပါတဲ့။ ဒါကို အပြင်ကနေ ရွှေခွက်မှန်းမသိအောင်ပွန်းညှက်တွေနဲ့သုတ်လိမ်းထားပါသတဲ့။
ဒီလိုနဲ့ ဘုရင်ကြီးဟာ လမ်းဘေးလေးမှ ထိုင်ပြီး တိုင်းသူပြည်သားတွေရဲ့ စိတ်ဓာတ်တွေကို လေ့လာဖို့အတွက် အ၀တ်စုတ်
လေးခင်း ခွက်ကလေးကို အ၀တ်လေးပေါ်တင်ကာ တင်ပါးခွေလေး ထိုင်ချလိုက်ပါတော့တယ်။
အချိန်အနည်းငယ်ကြာတော့ လယ်သမား မိသားတစ်စု သူ့ရှေ့က ဖြတ်သွားပါတယ်။ အဲ့ထဲက ကလေးတစ်ယောက်က ပြေးလာပြီး သူ့အိတ်ထဲက အသပြာငွေလေး တစ်ကျပ် ခွက်ထဲကိုထည့်ပြီး သူ့ကို ကြည့်ကာ ထွက်သွားပါတယ်။
ခဏကြတော့ သူဆင်းရဲ မိသားစုက ကလေးတစ်ယောက်ကလည်း ဘုရင်ကြီးဆီ ပြေးလာပြီး သူ့မှာ ရှိတဲ့ မုန့်ဖိုးအသပြာငွေလေးတွေကို ခွက်ကလေးထဲ အကုန်ထည့်လိုက်ပြီး တစ်ချက်ကြည့်ကာ ပြေးထွက်သွားပါတယ်။
ထို့နည်းတူ သူဌေး၊ သူကြွယ်တွေ၊ ကုန်သယ်တွေ မိသားစုတွေ ဖြတ်သွားတိုင်းလည်း ကလေးတွေက မုန့်ဖိုးငွေလေးတွေကိုလာထည့် သွားကြပြန်ပါတယ်။ လူကြီးတွေ အားလုံးကတော့ ရွှေခွက်နဲ့တောင်းနေပြီး သူပုန်းစားဟန်ဆောင်ထားတဲ့ ဘုရင်ကြီးကို လှည့်လို့တောင် မကြည့်ပါဘူးတဲ့။
ဘုရင်ကြီးလည်း ဒီမြင်ကွင်းတွေဟာ သူ့အတွက် အတွေးတစ်ခုကို ဖြစ်စေပါတယ်။ လူ့ပတ်၀န်းကျင်မှာ ရှိတဲ့ အရွယ်ရောက်ပြီးသော လူတွေအားလုံးသာ ယခုလို ချစ်စရာကောင်းတဲ့ ကလေးစိတ်တွေ မပျောက်ကြသေးရင် ကောင်းမှာပဲလို့ ဘုရင်ကြီးကတွေးမိလိုက်ပါတယ်။
ဘုရင်ကြီးဟာ သူ့စိတ်တိုင်းကျတဲ့ အဖြေတစ်ခုကို ရသွားရင်ပဲ နန်းတော်ကိုပြန်သွားပါတယ်။ နောက်တစ်နေ့မှာ နန်းတော် ခန်း
မဆောင်ကြီးမှာ အလှူတစ်ခုကို ထူးခြားစွာ ကျင်းပစေခဲ့ပါတယ်။ ခန်းမဆောင်ကြီးရဲ့ နဖူးစီးမှာ စာတန်းတစ်ခု ကပ်ထားပါတယ်။
ဒီစာတန်းကတော့ " အရိုးသားဆုံးသော လူသားများ " အတွက်ပါတဲ့လေ။
ဒီစာတန်းကြီးကို မြင်တော့ လူကြီးတွေက ဘယ်သူမှ မ၀င်ရဲကြပါဘူးတဲ့လေ။ သို့သော် ကလေးတွေကတော့ အလှူဆိုတာနဲ့
ဒုန်းဆိုင်းပြေးလာကြပြီး မြိန်ရေ၊ယှက်ရေ ၀င်ရောက် စားကြပါသတဲ့။
ကလေးတွေဟာ သူတို့တွေ့တဲ့သူဟာ ပြည့်အရှင် ဘုရင်လို့လည်း မသိကြပါဘူး။ သူတို့ထည့်တဲ့ ခွက်က ရွှေခွက်ဆိုတာလည်းမသိကြပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ဖြူစင်တဲ့ စိတ်ထား၊ လောကပေါ် ရိုးသားစွာ မြင်တဲ့ အမြင်တွေက အတုယူဖွယ်ပါ။ လူသားတိုင်း
ရိုးသားကြတဲ့ ကလေးစိတ်လေးတွေ ရှိနေကြပါစေ။

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်