ထင်းခုတ်သမား ပေးသော အားဆေးတခွက်


တစ်ခါတုန်းက ရွာလေးတစ်ရွာမှာ ထင်းခုတ်ရောင်းတဲ့ ထင်းခုတ်သမားတစ်ဦးရှိပါတယ် ။ ထင်းခုတ်သမားဟာ တောထဲကခုတ်လို့ရတဲ့ ထင်းတွေကို ရောင်း ပြီး စား၀တ်နေရေး ဖြေရှင်းသလို သူနေဖို့ အိမ်ကလေးတစ်လုံးကိုလည်း သပ်သပ်ရပ်ရပ်ကလေး ဆောက်လုပ်ခဲ့တယ်။
အိမ်ကလေးက မကြီးပါဘူး တကယ့်ကို မိုးလုံလေလုံကလေး ဖြစ်ပါတယ်၊ ဒီလိုနဲ့ တစ်နေ့မှာတော့ သစ်ခုတ်သမားက တောထဲက ခုတ်လုပ်ရတဲ့ သစ်ပင်တွေကို ခုတ်ထစ်ပြီး ထင်းတွေအဖြစ် မြို့ထဲ သွားရောင်းပါတယ် ။
အိမ်ပြန်ရောက်တဲ့အခါ သူဆောက်ခဲ့တဲ့ အိမ်ကလေး မီးလောင်နေတာ တွေ့လိုက်ရတယ် ။ လူတွေက ဝိုင်းပြီး မီးငြိမ်းပေးခဲ့ပေမယ့် မီးတောက်တွေက အိမ်တစ်လုံးလုံးကို ဝါးမြိုပစ်ခဲ့ပါတယ်၊ ထင်းခုတ်သမားက အလွန်၀မ်းနည်းသွားပြီး ငေးပဲကြည့်နေခဲ့ရတယ်။
မီးတွေ အကုန်လောင်သွားပြီးတော့ အ်ိမ်တစ်လုံးလုံး ပြာတွေအဖြစ် ကျန်ခဲ့တော့မှ ထင်းခုတ်သမားက ပြာတောထဲတိုး၀င်ပြီး တစုံတရာကို အသည်းအသန် လိုက်ရှာနေခဲ့တယ်၊ လူတွေက သူ စုဆောင်းထားတဲ့ အဖိုးတန်ပစ္စည်းတစ်ခု ပျောက်လို့ ရှာနေတယ်လို့ပဲ တွေးနေမိကြတယ်။
အတန်ကြာပြီးတဲ့အခါ ထင်းခုတ်သမားက ဝမ်းသာအားရအော်လိုက်တယ် ။ "တွေ့ပြီ တွေ့ပြီ" ဆိုပြီး သူ့ပုဆိန်ကို မြှောက်ကိုင်လို့ ပြာပုံထဲက ပြန်ထွက်လာတယ်၊ ပြီးတော့ သူက လူတွေဖက်ကိုလှည့်ပြီး ပြောလိုက်တယ်။
"ဒီပုဆိန်တစ်လက်သာ ရှိမယ်ဆိုရင် ဒီထက် ပိုကောင်းတဲ့ အိမ်ကြီးတစ်လုံး ကျွန်တော် ပြန်ဆောက်နိုင်ပါတယ် " လို့ ၀မ်းသာအားရ ပြောလိုက်ပါတယ်။
ဒီပုံပြင်လေးကို ဖတ်ပြီး မိတ်ဆွေများ စိတ်ထဲ ဘယ်လိုခံစားရလဲ မိမိကော သူ့နေရာမှာဆို အဲဒီစိတ်မွေး နိုင်ပါမည်လော။ သူ့ကို အတုယူသင့်ပါတယ် သူဟာ ကျဆုံးပြီးလို့ စိတ်ထဲမှာ မထားပဲ ဆက်လက်ကြိုးစားတယ် ဒီထက်ကောင်းအောင် ငါလုပ်နိုင်တယ်လို့ ကြွေးကြော်ထားပြန်တယ်။
တခါကျရှုံးပေမဲ့ ပြန်ထဖို့ကြိုးစားသူ၊ နှစ်ခါကျရှုံး ပြန်ထဖို့ ကြိုးစားသူ၊ အကြိမ်ကြိမ် အခါခါကျရှုံးလို့ အကြိမ်ကြိမ်ခါခါ ထဖို့ကြိုးစားသူတို့အဖို့ အောင်မြင်မှုဟာ ဥပေက္ခာပြု မထားဘူးဆိုတာ မိမိစိတ်ထဲမှာ ရှိနေဖို့ လိုပါတယ်။
ကမ္ဘာကျော် အမေရိကန်သမ္မတကြီးဖြစ်တဲ့ လင်ကွန်းဟာ အလုပ်ပြုတ်ခဲ့ဖူး၊ စီးပွားရေးမှာ အရှုံးပေါ်ခဲ့ဖူး၊ စိတ်ဓာတ် အကြီးအကျယ်ကျဆင်း ပြိုလဲခဲ့ဖူးသူ ဖြစ်ပြီး နိုင်ငံရေးလောကမှာလည်း အကြိမ်ပေါင်း များစွာ ရှုံးနိမ့်ခဲ့ လွဲချော်ခဲ့ အငြင်းပယ်ခံခဲ့ရသူ တစ်ဦးဖြစ်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ သူဟာ စိတ်ဓာတ်ကို ပြန်လည်မြင့်တင်လို့ နောက်ဆုံး သူဟာ ကမ္ဘာကျော်ပုဂ္ဂိုလ်တဦး ဖြစ်ကာသူ့အောင်မြင်မှုကို သူရအောင် ဖန်တီးကာ သူ့အမျိုး သူ့ဘာသာ သူ့သာသနာအတွက် သာမက တခြားသူတွေအတွက်ပါ သူနိုင်သလောက် ထမ်းဆောင်သွားတာ အတုယူဖွယ်တွေပါ။
ဘာတဲ့ ကြားဖူးပါတယ် "The More, He Slaughter Us, the More, We Grow."
ဒင်းတို့များများနှိပ်ကွပ်လေ များများရုန်းထလာကြမှာပါတဲ့… ဒီစကားလေးကလည်း တိုတိုနဲ့ လိုရင်းထိတဲ့ စကားလေး တခွန်းပါပဲ ကြိမ်များစွာ ကျရှုံးလေ အကြိမ်များစွာထဖို့ လိုပါတယ် ဘာလို့လဲ သင်ဟာ တန်ဖိုးရှိ လူသားတယောက်ဖြစ်နေလို့ပဲ။
လူသားတယောက်အဖို့ စိတ်ညစ်လို့ စိတ်ဆင်းရဲလို့ စီးပွားရေးတွေ ပညာရေးတွေ ကျရှုံးလို့အိပ်ပြစ်ရင် နောက်ပြီး အရက်သေစာတွေ သောက်ကာ မလိုအပ်တဲ့ ကုစားမှုတွေနဲ့ ကုစားမိရင် သင် ဘိတ်ဖြစ်ပြီဆိုတာ မှတ်ထားလိုက်ပါ။
လူတွေက ဆင်ခြေသဘောနဲ့ ပြောကြတယ်၊ ပါရမီချင်းက မတူဘူးတဲ့။ ဟုတ်တယ်၊ ပါရမီ ချင်းမတူပါဘူး၊ ဒါပေမဲ့ လူဖြစ်နေတော့ ကြိုးစားအားထုတ်မှုတော့ တူသင့်ပါတယ်။ ကြိုးစားမှုရှိတဲ့ လူသားတိုင်းကို အောင်မြင်မှုက ဆီးကြိုနေမယ်ဆိုတာ တထစ်ချ ပြောရဲပါတယ်။
သင် စိတ်ဓာတ်ကောင်းကောင်းနဲ့ ကြိုးစာကြည့်စမ်းပါ…….

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်