ရိုးသားခြင်း


ကျွန်တော့အဖိုးဖြစ်သူ အမြဲပြောလေ့ရှိသည့် ပုံပြင်ကလေး တစ်ပုဒ်ရှိသည်. .
တစ်ခါတုန်းက နာမည်ကြီး ပန်းရံဆရာကြီးနှင့် သားဖြစ်သူတို့သည် ရဲတိုက်ကို ကာရံထားသည့် အုတ်တံတိုင်း တည်ဆောက်ရာတွင် နာမည်ရလေသည်. . . တစ်နေ့တွင် အုတ်တံတိုင်းတစ်ခုကို တည်ဆောက်ရေရာ နောက်ဆုံး အုတ်တစ်ချပ်စီပြီး မဆလာ ထည့်ရမည့် အချိန်တွင် မဆလာမှာ နည်းနေပြီဖြစ်သဖြင့် သားဖြစ်သူအား လိုအပ်သော မဆလာကို ထပ်ဖျော်ခိုင်းလေသည်. . .
ထိုအခါသားဖြစ်သူကပြောလိုက်သည်. . .
"ဒီရှိတဲ့ မဆလာနဲ့ လုပ်လိုက်ရင်လဲ ရသားပဲ ဥစ္စာ ၊ ထပ်ဖော်နေဖို့မလိုပါဘူး အဖေရာ. . . "
အဖေဖြစ်သူက လက်ကျန်မဆလာလေးနဲ့လုပ်လိုက်ရင် သူတို့ဆောက်သော အုတ်တံတိုင်းမှာ ခိုင်မှာမဟုတ်ဟု သားဖြစ်သူအား ရှင်းပြလိုက်ပြန်သည်. . . သားကထပ်ပြောလိုက်ပြန်သည်. . .
"အဖေကလည်း နှောက်နှစ်တွေကြာလာတဲ့အခါကျရင် ဒီအုတ်တစ်ချပ်မှာ မဆလာ နည်းနေတာကို ဘယ်သူက သိမှာလဲ. . . . "
'လူနှစ်ယောက်တော့ သိလိမ့်မယ် ငါ့သား . . သူတို့ရှက်လွန်းလို့ သေတောင် သွားနိုင်တယ်"
"အဲဒီလူနှစ်ယောက်က ဘယ်သူလဲ အဖေ. . . "
"မင်းနဲ့ငါပေါ့ကွ"
အားလုံးကိုချစ်ခင်လေးစားလျှက်...
may16
#Credit
ဧရာဝတီစာကြည့်တိုက်

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်