ခေါင်းဆောင်ကောင်း

ခေါင်းဆောင်ကောင်း
=============
လွန်လေပြီးသော အခါက တိုင်းပြည်တစ်ပြည်မှာ အသိဥာဏ်ပညာနဲ့ပြည့်စုံတဲ့ ဘုရင်ကြီးတစ်ပါး အုပ်ချုပ်သတဲ့ ..
ဘုရင်ကြီးဟာ တိုင်းသူပြည်သားတွေအပေါ် သားသမီးနဲ့မခြား ချစ်ခင်စောင့်ရှောက်တဲ့အတွက် ..
တိုင်းသူပြည်သားတွေကလည်း .. ဘုရင်ကြီးကို လေးစားချစ်ခင်ကြတယ် …
ဒီလိုနဲ့ .. တစ်နှစ်မှာတော့ မိုးလေ၀သအခြေအနေတွေပျက်စီးယိုယွင်းလာတဲ့အတွက် ..
ဘုရင်ကြီးရဲ့ တိုင်းပြည်မှာ .. ဆန်ရေစပါးရှားပါးပြတ်လပ်မှုနဲ့ကြုံတွေ့ရပါတော့တယ် …
အဲဒီအခါမှာမှာ ဘေးနားက တိုင်းပြည်တွေရဲ့ ရန်စောင်ခြင်းကိုလည်း ခံရပြီး တိုင်းပြည်အတွင်းမှာလည်း ..
ခိုးဆိုးလုယက်မှုတွေနဲ့ မငြိမ်မသက်ဖြစ်မှုအခြေအနေတွေဖြစ်ပေါ်လာပါတော့တယ် …
ဒီလိုနဲ့ ..
တစ်ညမှာ သူခိုးတစ်ယောက်ဟာ ဘုရင်ကြီးရဲ့ အိမ်ခန်းထဲ နန်းတော်အဆောင်ထဲကို ခိုး၀င်ပါတော့တယ် …
ဘုရင်ကြီးမအိပ်သေးမှန်းတွေ့တော့ သူခိုးဟာ … ဘုရင်ကြီးအိပ်ဆောင်အပေါ်ထပ်က သစ်သားတန်းပေါ် ပုန်းခိုနေသတဲ့ ..
ဘုရင်ကြီးက သူခိုး ကပ်နေမှန်းသတိထားမိပါတယ် .. သူတစ်ချက် ပြောလိုက်တာနဲ့ဘေးနားကအစောင့်တွေ၀င်လာပြီး ..
သူခိုးကို သုတ်သင်ပစ်လိုက်ကြမှာပါ .. ဒါပေမယ့် ဥာဏ်ပညာကြီးတဲ့ဘုရင်ကြီးကအဲဒီလိုနည်းနဲ့မရှင်းပဲ ပထမဆုံး သူ့သားတော်လေးကိုခေါ်လိုက်ပါတယ်
“ သားရေ .. အဖေ့ဆီလာပါဦး ”
တစ်ဖက်အခန်းမှာ နေတဲ့သားဖြစ်သူက ဖခင်ဘုရင်ကြီးဆီရောက်လာပါတယ် ..
“ ချစ်သား …အဖေပြောတာနားထောင်ပါ ..
လူတစ်ယောက်အနေနဲ့ ဖြောင့်မှန်သော အလုပ်ကို လုပ်ရတယ် .. ခိုင်မာတဲ့ ယုံကြည်ချက်ကို လက်ကိုင်ထား၇တယ် ..
လူ့ဘ၀တလျှောက်လုံးမှာ ကောင်းတာတွေချည်းမလုပ်နိုင်တောင် မကောင်းတာတွေကိုနည်းနိုင်သမျှ နည်းအောင် ..
ကြံစည်အားထုတ်ရတယ် အဖေ့အမြင်ကတော့ ဆိုးသွမ်းတဲ့ လုပ်ရပ်တွေလုပ်နေတဲ့လူတိုင်းမှာ .. ဆိုးသွမ်းတဲ့စိတ်တွေရှိချင်မှရှိမှာပါ ..
တခါတလေ အခြေအနေအကြောင်းကြောင်းကြောင့်လုပ်နေရတာတွေလည်းရှိတတ်တယ် .. ”
ဘုရင်ကြီးက သူ့သားကိုပြောသလိုလိုနဲ့ ထုပ်တန်းပေါ်က သူခိုးကြားအောင်လို့ အသံကိုထပ်မြှင့်ပြီးပြောလိုက်တယ် …
“ ချစ်သား .. သေချာမှတ်ထားပါ လူတစ်ယောက်ဟာ သူ့စည်းစိမ်ဥစ္စာတွေ ပျက်စီးကုန်ဆုံးသွားခဲ့ရင်တောင် ..
သူ့ယုံကြည်ချက် နဲ့သူ့ရပ်တည်မှုအပေါ် ဘယ်တော့မှ သစ္စာမမဲ့ရဘူး မစွန့်လွှတ်ရဘူး ”
သားဖြစ်သူကိုပြောနေတဲ့ ဖခင်ဘုရင်ကြီးရဲ့ စကားတွေကိုကြားပြီးထုပ်တန်းပေါ်ကသူခိုးဟာ နောင်တကြီးစွာရနေခဲ့တယ် ..
ပြီါ်တော့သူ့ကိုယ်သူလည်းရှက်လာခဲ့တယ် .. ဒါကြောင့် သူခိုးဟာ ထုပ်တန်းပေါ်က ဆင်းပြီး ဘုရင်ကြီးရှေ့မှာ ဒူးထောက်ခစားလိုက်ပါတယ်
“ ကျွန်တော် .. အလွန်ပဲ၀မ်းနည်းမိပါတယ် … ဒါပေမယ့် ကျွန်တော်လုပ်သမျှ စားနပ်ရိက္ခာ ပြတ်လပ်လွန်းအားကြီးလို့ ကြံမိကြံရာ ကြံစည်မိခြင်းသာဖြစ်ပါတယ် ”
ဘုရင်ကြီးဟာ သူခိုးကို ခွင့်လွှတ်ပေးခဲ့ပါတယ် …ပြီးတော့ အ၀တ်အစားနဲ့စားစရာအချို့ပေးပြီး ပြန်လွှတ်ပေးခဲ့တယ် …။
==================
အေဒီ ၂၅ -၂၂၀ တုန်းက အနောက်ဖက် ဟန်တိုင်းပြည်က Chen Shi လို့ခေါ်တဲ့ ဘုရင်ကြီးဖြစ်ပါတယ် ။ ဒီပုံပြင်လေးကပေးတဲ့ အတွေးတချို့ကတော့
- ခေါင်းဆောင်ကောင်းမည်သည် လမ်းမှားရောက်နေတဲ့ လက်အောက်ငယ်သားတွေကို လမ်းမှန်ရောင်အောင်ပြုပြင်ဆုံးမပေးနိုင်ရမယ်
- လူ့ဘ၀မှာ အဆိုးဆုံးအခြေအနေတွေနဲ့ကြုံတွေ့နေရတာတောင်မှ ကိုယ့်ယုံကြည်ချက် /ရိုးသားမှု သစ္စာတရားကို ဘယ်တော့မှ မဖျောက်ပစ်ရဘူး
- အမှန်တွေ အများကြီးမလုပ်နိုင်သေးတောင် အမှားတွေကိုနည်းသထက်နည်းအောင်လုပ်ရမယ်
သက်တန့်ချို
#Credit
ယဉ်ကျေးလိမ္မာနှင့် (၃၈)ဖြာမင်္ဂလာ ပုံပြင်များ

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်