"ကျေးဇူးသိသော ငခင်ညို
'''''''""""""""""""ကျေးဇူးသိသော ငခင်ညို'''''''""""""""""""
ငါးစီးရှင်ကျော်စွာသည် ပင်လယ်မြို့ကိုစားရသောအခါက အမှုတော်ထမ်းရွက်နေသော ကျွန်,တော်မျိုး ငခင်ညိုဆိုသူတစ်ဦးရှိသည်။ ငခင်ညိုသည် လုပ်ရည် ကြံရည်နှင့်ပြည့်စုံကာ အမှုတော်ကိုကျေပွန်စွာထမ်းဆောင်နိုင်သော သူရဲကောင်းတစ်ဦးဖြစ်သည်။ တစ်နေ့တွင် ငါးစီးရှင်ကျော်စွာသည် ငခင်ညိုအား ညီတော် စစ်ကိုင်းစား အသင်္ခယာစောယွန်းကိုလုပ်ကြံရန် စေလွှတ်လိုက်သည်။ ငခင်ညိုသည် လုပ်ကြံရန်အတွက် စစ်ကိုင်းဘက်ကိုကူးသွားလေသည်။ စစ်ကိုင်းရောက်သော်လည်း လုပ်ကြံရန်အခွင့်မသာသဖြင့် တောထဲတွင် ၃ရက်တိုင်တိုင် ပုန်းအောင်းနေရသည်။ထို ၃ရက်စလုံးထမင်းကို တစ်နပ်မှမစားခဲ့ရပေ။ ၃ရက်မြောက်ည တွင် ငခင်ညိုသည် နန်းတော်သို့ တိတ်တဆိတ်ဝင်၍ သွားလေသည်။ ထိုအခါ အသင်္ခယာစောယွန်းအနေဖြင့် မင်းမဟာဂီရိနတ်ကို တင်ထားသော ရွှေစလောင်းနှင့် ထမင်း၊ အမဲသားတို့ကိုတွေ့ရာ ဆာလောင်မွတ်သိပ်လှသောကြောင့် စားမိလေသည်။
ထမင်းစားပြီးနောက် အသင်္ခယာစောယွန်းကိုလုပ်ကြံရန် နန်းတော်ဆောင်အတွင်းသို့ဝင်ရာ အိပ်ပျော်နေသည်ကို တွေ့ရလေသည်။ ထိုအခါ ငခင်ညိုသည် ဤသို့တွေးမိလေသည်။
"ဤမင်းသည်ငါ၏ထမင်းရှင်ကျေးဇူးရှင်ဖြစ်နေပေပြီ၊ ကျေးဇူးရှင်ကိုပြစ်မှားပါက ငါ၌အပြစ်အလွန်ကြီး ပေလိမ့်မည်၊ အကယ်၍ မသတ်ဘဲပြန်သွားပါက ငါ့သခင်က ငါ့ကိုသတ်ချေမည်၊ ဤသို့ အသတ်ခံရလျှင် ဘဝတစ်သက်သာ သေရမည်၊ ထမင်းသခင်ကျေးဇူးရှင်ကို သတ်လျှင်ကား သံသရာရှည်လျားစွာခံရပေမည်။"
ထိုသို့စဉ်းစားရင်း ဓားကို ထုတ်ချည်သွင်းချည်ပြုနေရာမှ
"ငါ့ရှင်က စစ်ကိုင်းမင်းထံ မရောက်ဘဲရောက်သည်။"
ဟုအမိန့်တော်ရှိလျှင် ရောက်ကြောင်းပြရန်အတွက် အသင်္ခယာစောယွန်း ၏ ပတ္တမြားကျောက်စီဓားကိုယူ၍ ပြန်လာခဲ့လေသည်။ ပင်လယ်မြို့သို့ရောက်လျှင် ငါးစီးရှင်ကျော်စွာလည်း
"အစီအမံပြီးခဲ့ပြီလော"
ဟုမေးတော်မူလေသည်။ ငခင်ညိုလည်း မိမိစိတ်နှလုံးထဲတွင်ရှိသည့်အတိုင်း ပြည့်စုံစွာလျှောက်ထားကာ ပတ္တမြားကျောက်စီဓားကို ဆက်သလေသည်။ ငါးစီးရှင်ကျော်စွာလည်း အမျက်မထွက်တော်မူဘဲ
"ငါ့ကျွန်သည် ထမင်တစ်စလောင်းကိုမျှစားဖူးရုံဖြင့် သူ့ကျေးဇူးကိုသိတတ်ပေသည်၊ သားမယားနှင့်တကွ နေ့စဉ်ကျွေးမွေးထားသော ငါ၏ကျေးဇူးကိုကား အဘယ်မှာဆိုဖွယ်ရာရှိအံ့နည်း။"
ဤသို့မိန့်တော်မူပြီးလျှင် ကျွန်တော်ရင်း ငခင်ညိုကို များစွာသောဆုလာဘ်ဖြင့် ချီးမြှေက်တော်မူလေသည်။
သားသားမီးမီးတို့အနေဖြင့်"တစ်လုတ်စားဖူးသူ့ကျေးဇူး"ကို အထူးသိတတ်ဖို့လိုပေသည်။
မြင့်မိုရ်
#မူရင်း_
တေဇ ရုပ်စုံ အတွဲ(၂၅)၊အမှတ် (၉)၊
၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီလ
စာ-၂၇ / မြန်မာသူရဲကောင်းများအကြောင်းကဏ္ဍ
#Myo

Comments
Post a Comment