နွားနို့ကန်ကြီး ပုံပြင်

#နွားနို့ကန်ကြီး    ပုံပြင်

တခါက ဘုရင်ကြီးတစ်ပါးဟာ ရေကန်ကြီးတစ်ကန် တူးခိုင်းပြီး တိုင်းပြည်ကို အမိန့်တစ်ခုထုတ်တယ်။

" တစ်ပြည်လုံးမှာရှိတဲ့ အိမ်တိုင်းအိမ်တိုင်း ညအခါကျရင် ကန်ထဲ နွားနို့တစ်ခွက်စီ  မဖြစ်မနေ လာထည့်ရမယ် "

ဒီတော့ ပြည်သူပြည်သားတွေက နို့ထည့်ဖို့ ပြင်ကြဆင်ကြတယ်။ အဲချိန်မှာ လူကတ်တစ်ယောက်က တွေးသတဲ့။

" နွားနို့ကို ညအချိန် ထည့်ရမှာဆိုတော့ ကိုယ် ထည့်တဲ့အရည်က နွားနို့လား ရေလား ဘယ်သူမှ မသိနိုင်ဘူး။ ဒါကြောင့် နွားနို့မထည့်ဘဲ ရေပဲထည့်မယ် "

သူက ညကျတော့ ကန်ထဲကို ရေပဲထည့်ခဲ့ပြီး တိတ်တိတ်လေး ပြန်လာခဲ့တယ်။

မနက်လင်းတဲ့အခါ ဘုရင်ကြီးက ပြည်သူပြည်သားတွေ ဖြည့်ထားတဲ့ နွားနို့ကန်ကြီး အကြည့်ထွက်ပါတယ်။ ကန်ကြီးကို မြင်တဲ့အခါ ဘုရင်ကြီး အရမ်းအံ့သြသွားတယ်။

ကန်တစ်ခုလုံး နွားနို့တစ်စက်မှ မရှိဘဲ ရေတွေချည်းပဲ ရှိနေတာ။

ပြည်သူပြည်သားတိုင်းက " နွားနို့ကို ငါ ထည့်စရာမလိုပါဘူး။ ကျန်တဲ့သူတွေ ထည့်ပါလိမ့်မယ် " ဆိုတဲ့အတွေးနဲ့ ရေတွေချည်းဖြည့်ခဲ့ကြတာလေ။

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်