ဖြည်ရအခက်ဆုံး ကြိုးထုံး


ဟိုးတစ်ခါတုန်းက ရှေ့ ဖြစ်ဟော ပရောဟိတ်ဆရာ တစ်ယောက်ဟာ မြို့ကြီးတစ်မြို့မှာ ထူးခြားဆန်းကျယ်တဲ့ ကြိုးထုံးကြီး တစ်ခု ကို ချည် နှောင်ချိတ် ဆွဲ ထားလေတယ်။ ပြီးတော့ ဒီလို နမိတ်ဖတ်လိုက်တယ်။
” ဒီကြိုးထုံးကို ဖြည်နိုင်တဲ့သူဟာ မင်းဧကရာဇ် စင်စစ်ဖြစ်လာပေလိမ့်မယ် “ ..တဲ့ ။
လူတော်တော် များများက ဇွဲကောင်းကောင်းနဲ့ ကာလရှည်ကြာစွာ လာရောက် ကြိုးထုံးကို ဖြည်ကြတယ်။ ဒါပေမယ့် ကြိုးထုံးကို ဖြည်နိုင်မယ့် သူဟာ မပေါ်လာခဲ့ပါဘူး။
အဲ့ဒီကာလမှာ စစ်တိုက်ရာမှာ နာမည်ကျော်ကြားပြီး အောင်ပွဲတွေကို အမြဲရယူခဲ့တဲ့ စစ်သူကြီးတစ်ဦးဟာ ကြိုးထုံးရဲ့ နမိတ် ဖတ် စကားကို ကြားထား ပြီး သူဆိုတော့ သူ့ရဲ့ တပ်ကိုဦးဆောင်ပြီး အဲ့ဒီမြို့မှာ စခန်းချနေချိန် အကြိမ်ကြိမ် ကြိုးထုံးကို သွား ဖြည်ဖို့ ကြိုးစားလေတယ်။
သူဟာ ၄..၅လကြာအောင် နည်းပေါင်းစုံသုံးပြီး ကြိုးထုံးကို ပြေဖို့ မရေမတွက်နိုင်အောင် ကြိုးစား တယ်။ ဒါပေမယ့် သူလက်တွေ သာ ပွန်းရှ စုတ် ပြတ် ကုန်တယ်။ အောင်မြင်မှု မရခဲ့ရှာပါဘူး။ ဒီလိုနဲ့ တစ်နေ့မှာတော့ ကြိုးထုံးသွားဖြည်လို့ မအောင်မြင်တာနဲ့ ခံပြင်းလာပြီး ဒေါသ ကလည်း ထွက်၊ ကြိုးထုံးကြီးကို မုန်းမုန်းနဲ့ ကြည့်ပြီး…
” ဒီကြိုးထုံးကို ငါ ဘယ်တော့မှ မမြင်ချင်တော့ဘူး “..လို့ပြောပြီး လှည့်အထွက်မှာ လင်းကနဲ ဦးနှောက်ထဲမှာ အတွေးတစ်ချက် ပေါ်လာတယ်။ ဒါနဲ့ ခါးမှာ အမြဲချိတ်ထားတဲ့ ဆောင်ဓါးကို ဆွဲထုတ်လိုက်ပြီး ကြိုးထုံးကို တစ်ချက်ထဲ ခုတ်ချထည့်လိုက်တယ်။ ကြိုးထုံးကြီးလည်း ထက်ပိုင်း ကွဲသွားပြီး ပြေထွက်သွားတော့တယ်။
ကျွန်မတို့ကိုယ်တိုင်လည်း ဘ၀ကို သချာင်္လို သတ်မှတ်ပြီး တစ်ခါတစ်ရံမှာ အဖြေမထွက်တဲ့ ပုဒ်စာကိုဘဲ အဖန်တလဲလဲ တွက်နေ မိတတ်တယ်။ လောကကြီးမှာ တစ်ခါတစ်ခါ အကျပ်အတည်းတွေ၊ အဖုအထစ်တွေ၊ အခက်အခဲတွေ ရင်ဆိုင် ကြုံတွေ့လာချိန်မှာ လမ်းရိုးအတိုင်း မလိုက်ကြဘဲ သတ်မှတ် ထားတဲ့ စည်းကမ်းတွေရဲ့ အပြင်ဘက်ကနေ ဆုံးဖြတ်ချက် ရဲရဲဝံ့ဝံံချပြီး ကြိုးစားကြည့် လိုက်တဲ့ အခါမျိုိးကြမှ အထုံးပြေ အောင်မြင်သွား တတ်တာမျိုး ကြုံရ တတ် တယ်ဆိုတာ ဒီအကြောင်းအရာလေးက သာဓက ပြနေပါတယ်ရှင်။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
မြသွေးနီ

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်