အုန်းပင်ရှင် (
အုန်းပင်ရှင် (ကချင်ရိုးရာပုံပြင်)
တစ်ခါတုန်းက အုန်းပင်တစ်ပင်ပိုင်တဲ့ လူလိမ်တစ်ယောက်ရှိခဲ့ဘူးတယ်။ သူလိမ်ပုံက ပိရိတယ်။ သူ့အုန်းပင်ဟာ တစ်နေ့ တစ်လုံး တစ်လုံးသီးတယ်လို့ ဒီလူက လူတွေ့တိုင်းကြွားတယ်။ အဟုတ်ထင်အောင် လိမ်ပြောတယ်။
သူလုပ်ပုံက နေ့တိုင်းလမ်းသွားလမ်းလာတွေများချိန်မှာ အုန်းပင်ပေါ်တက်ပြီး အုန်းသီးခူးတယ်။ ညက သီးနေတဲ့ အုန်းသီးကို တက်ခူးတဲ့ သဘောပေ့ါ။ ညပိုင်း ရွာသူရွာသားတွေ အိပ်မောကျလောက်တဲ့ အချိန်ရောက်တော့ အသီးများတဲ့ သူများအုန်းပင်က အုန်းသီးတစ်လုံးခိုးပြီး သူ့အုန်းပင်ပေါ်မှာ တက်ချည်ထားလိုက်တယ်။ နောက်တစ်ရက် လူသွားလူလာများချိန်မှာ သူ့အုန်းပင်ပေါ်တက်ညပီး သူအုန်းသီးတက်ခူးတော့ "ဒီနေ့လဲ မှန်မှန်သီးတာပဲလား" လို့ ရပ်ကြည့်သူများထဲက မေးသူများလည်းရှိတာပေါ့။
သူလိမ်နေတာကို မသိကြတော့ သူ့အုန်းပင်က နေ့တိုင်း အုန်းသီးတစ်လုံးတစ်လုံးသီးနေတယ်လို့ပဲ ရွာသူရွာသားတွေက ယုံကြတယ်။။ အံသြသဘောနေကြတယ်။ ဒီလိုနဲ့ ဒီအုန်းပင်မျိုးရှိရင်သိပ်ကောင်းမယ်။ ဒီအုန်းပင်ရောင်းရင် ဝယ်ချင်တယ်ဆိုတဲ့ အသံတွေလဲထွက်လာတာပေါ့။ ဒါပေမယ့် လူလိမ်က သူ့အုန်းပင်ကို ၁၀၀၀ ရမှ ရောင်းမယ်တဲ့။
ဒီရွာသူရွာသားတွေကလည်း တောင်သူလယ်လုပ်တွေဆိုတော့ ဒီအုန်းပင်ကို လိုချင်ပေမယ့် ငွေတစ်ထောင်ပေးပြီး ဘယ်ဝယ်နိုင်ပါ့မလဲ။ ဒါပေမယ့် အလုပ်ကြိုးစားလုပ်ပြီး ချွေတာစားသောက်နေထိုင်လို့ ငွေပိုနည်းနည်းပါးပါးရှိတဲ့ လူတစ်ယောက်က ဒီအုန်းပင်က နေ့တိုင်းသီးတဲ့ အုန်းသီးကို ရောင်းစားရင် မကြာခင် အရင်းပြန်ရမှာပဲ။ စျေးမတန်တဆ ပေးရပေမယ့် ဝယ်လိုက်မယ်ဆိုပြီး ဝယ်လိုက်တယ်။
အုန်းပင်ဟာ ပိုင်ရှင်အသစ်လက်ထဲ ရောက်သွားတဲ့နေ့က စပြီး မသီးတော့ဘူး။ အညှာတောင် ခြောက်လာပြီ။ ဒီတော့ ပိုင်ရှင်အသစ်က ပိုင်ရှင်အဟောင်း (လူလိမ်) ကို အကျိုးအကြောင်းပြောပြတယ်။ ဒီတော့ ရောင်းလိုက်သူ (လူလိမ်) က "ကျုပ်လက်ထဲမှာတုန်းက နေ့တိုင်းသီးနေတာ ခင်ဗျားအမြင်ပဲ၊ ခင်ဗျားလက်ထဲ ရောက်လို့ မသီးတာ ခင်ဗျားနဲ့ မထိုက်လို့ မသီးတာ နေမှာပဲ" လို့ မာမာနဲ့ပြန်ပြောလိုက်တယ်။ တကယ်တော့ ရောင်းပြီးကတည်းက သူ့မှာ ဒီလိုအဖြေအသင့်ရှိနေမှာပါပဲ။
ဒီလို လူ့ပြည်မှာ လူညစ်နဲ့ လူရိုး ဖြစ်နေပုံကို နတ်မင်းကြီးက သိတော့ နတ်သမီးတစ်ပါးကို စေလွှတ်ပြီး ဒီအုန်းပင်မှာ နေ့တိုင်း အုန်းသီးတစ်လုံး တစ်လုံးသီးစေတယ်။ လပြည့်နဲ့ လကွယ်နေ့တွေမှာတော့ ရိုးရိုးအုန်းမဟုတ်ဘဲ ရွှေအုန်းသီးများ သီးစေတယ်။
ဒီသတင်းဟာ တစ်ရွာလုံး တစ်နယ်လုံးနှန့်ပြီး အံသြစရာဖြစ်နေတော့တာပေါ့။ ရိုးရိုးသားသားငွေ တစ်ထောင်ပေးပြီး အုန်းပင်ဝယ်လိုက်သူဟာ ရွှေအုန်းသီးတွေရလို့ ချမ်းသာလာပြီ။ ဒီလို ပိုင်ရှင်အသစ် ချမ်းသာလာတာကို မြင်တော့ ပိုင်ရှင်းအဟောင်း (လူလိမ်) က သူ့အုန်းပင်ကို ပြန်ရချင်တယ်။ ပြန်ရောင်းပါလို့ပြောတယ်။ ပိုင်ရှင်အသစ်က မရောင်းဘူး။ "ကျုပ်နဲ့ထိုက်လို့ ကျုပ်ရတာပေါ့ဗျာ" လို့ ပြန်ပြောလိုက်တယ်။
လကွယ်နေ့ ညတစ်ည၊ အင်မတန်မှ မှောင်မိုက်တဲ့ သန်းခေါင်ကျော်အချိန်မှာ ပိုင်ရှင်အဟောင်း (လူလိမ်) ဟာ ရွှေအုန်းသီး သီးမည့် ရက်မှန်းသိလို့ အုန်းပင်ပေါ်တက်ပြီး အုန်းသီးခိုးတယ်။ အုန်းသီးကို အောက်ချလာလို့ မြေကြီးနဲ့ သူ့ခြေလဲ ထိလိုက်ရော ရွှေအုန်းသီးက ရိုးရိုးအုန်းသီးဖြစ်သွားတယ်။ ခွာချဖို့ သူအမျိုးမျိုး ကြိုးစားတယ် မရဘူး။
အုန်းသီးကို ခွာလို့မရတာနဲ့ အုန်းပင်နဲ့ ရိုက်ခွဲလိုက်တော့ အသံမြည်လို့ ပိုင်ရှင်အသစ်နဲ့ အိမ်နားနီးချင်းတွေ ပြေးလာပြီး ဘာဖြစ်သလဲလို့ ကြည့်ကြတယ်။ လူလိမ်သခိုးလဲ ဘယ်လိုမှာ ငြင်းလို့ မရတော့ဘူး။ လှလှကြီး အရှက်ကွဲတော့တာပေါ့။
ဒီလိုနဲ့ မိုးထိန်ထိန်လင်းပြီး ရွာသူရွာသားတွေ အများကြီးရောက်လာတယ်။ ဖြစ်ပုံကို သိကြလို့ ဘာများဆက်ဖြစ်ဦးမလဲ ဆိုပြီး စောင့်ကြည့်နေတုန်း အုန်းပင်ဝယ်ထားသူက "ကျုပ်အုန်းသီး ကျုပ်ကိုပေး" လို့ဆိုပြီး တောင်းလိုက်တဲ့အခါ အုန်းသီးစာ သူခိုးလက်မှာ ကပ်နေရာကကွာပြီး ပိုင်ရှင်လက်ထဲ ရောက်သွားတော့ ချက်ချင်းပဲ ရွှေအုန်းသီးဖြစ်သွားတယ်။ လကွယ်နေ့မှာ သီးတဲ့ အုန်းသီးကိုး။
အသပြာငွေ တစ်ထောင်ပေးပြီး ဒီအုန်းပင်ကို ဝယ်တဲ့ ဒီလူရိုးကို ရွှေအုန်းသီးပေါင်း တစ်ထောင် သီးပေးရမယ်လို့ နတ်မင်းကြီးက နတ်သမီးကို အမိန့်ပေးထားတာနဲ့ တာဝန်ကျနတ်သမီးဟာ လပြည့်လကွယ်တွေမှာ အထူးဂရုစိုက်ရတယ်။ ဒီအုန်းပင်က အုန်းသီးများကို တက်ခိုးရဲသူလဲ မရှိတော့ဘူး။
လူထုဦးလှ

Comments
Post a Comment