မိတ်ကောင်း ဆွေကောင်
မိတ်ကောင်း ဆွေကောင်း….
*** တမာလို မခါးနှင့် ပျားလိုသာချိုစေ ***
(၁၄၉- ဧကပဏ္ဏဇာတ်) ပစ္စုပ္ပန်၀တ္ထု
မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်၊ ကဋာဂါရ ကျောင်း၌ သီတင်းသုံးစဉ် ဒုဠလိစ္ဆဝီမင်းသားကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုအကြောင်းကား ထိုစဉ်က ဝေသာလီမြို့သည် တစ်ဂါဝုတ်လျှင် တံတိုင်း တစ်ထပ်စီဖြင့်
တံတိုင်း သုံးထပ်ကာထားသော မြို့ကြီးဖြစ်၏။ သုံးထပ်စလုံး၌ တံခါးပစ္စင်နှင့် အလွန်တင့် တယ်၏။ ဝေသာလီပြည်ကို မင်းပေါင်း ခုနစ်ထောင် ခုနစ်ရာနှင့် ခုနစ်ယောက်တို့ မင်းပြုကြ၏။ အိမ်ရှေ့မင်း သည်လည်း ထိုမျှ၊ ဘဏ္ဍာစိုးတို့လည်း ထိုမျှရှိကြ၏။
ထိုမင်းသားတို့အတွင်း၌ တစ်ယောက်သော ဝေသာလီမင်းသည် ဒေါသကြီး၏။ ရုန့်ရင်းကြမ်းကြုတ်၏။ မြွေဟောက်ကဲ့သို့ အမြဲပင် ရှူးရှူးရှားရှားလုပ်တတ်၏။ သူတစ်ပါးကို နိုင်လိုမင်းထက် ပြုတတ်၏။ သူ့ကို ဒုဠလိစ္ဆဝီ မင်းသားဟု ခေါ်ကြ၏။
သူ့ကို ဘယ်သူမှ ပြောမရ၊ မိဘဆွေမျိုးတို့က လက်လျှော့ထားရသည်။ မြတ်စွာဘုရားမှတစ်ပါး ဆုံးမနိုင်မည့်သူ မရှိဟု မိဘတို့က မြတ်စွာဘုရားထံ ချော့မော့၍ ခေါ်သွားကြ၏။ မြတ်စွာဘုရားသည် ဒုဠလိစ္ဆဝီမင်းသားအား ဆုံးမ၏။
`မင်းသား သတ္တဝါတို့သည် ရုန့်ရင်း ကြမ်းကြုတ်ပြီး နိုင်ထက်ကလူ လုပ်ခြင်း၊ သူတစ်ပါးအား ညှဉ်းဆဲခြင်းများ မပြုသင့်၊ ကြမ်းကြုတ်သော စကားကို ပြောလေ့ရှိသူအား အဖေ၊ အမေ၊ သား၊ မယား၊ ညီအစ်ကို၊ မောင်နှမ၊ သား၊ သမီး၊
သူငယ်ချင်းမိတ်ဆွေတို့သည် မနှစ်သက်ကြ။
ကိုက်ရန်လာသော မြွေ၊ နှိပ်စက်ရန်လာသော လူဆိုး၊ သူခိုး၊ စားရန်လာသော ဘီလူးကဲ့သို့ ကြောက်လန့်တတ်ကြ၏။
တမလွန်ဘ၀၌ ငရဲသို့ ကျတတ်၏။ ဤဘ၀၌ပင် ဒေါသကြီးသော ပုဂ္ဂိုလ်သည် အဖိုးတန် တန်ဆာများ လှပစွာ ၀တ်ဆင်ထားသော်လည်း အသွင်အပြင်မလှ။
ဒေါသကြီးသောသူ၏ မျက်နှာသည် မီးလျှံထိသော ပဒုမ္မာကဲ့သို့လည်းကောင်း၊ အညစ်အကြေး ကပ်သော ကြေးမုံပြင်ကဲ့သို့ လည်းကောင်း၊ မကြည်မလင် အဆင်းမလှ ဖြစ်ရ၏။ ထိုဒေါသကြောင့် လူတို့သည် ကိုယ့်ကိုယ်ကို သတ်ကြ၏။
အဆိပ်သောက်ကြ၏။ ကြိုးဆွဲ၍ သေတတ်ကြ၏။ ကမ်းပါးပြတ်သို့ ခုန်ဆင်းကြ၏။
ဒေါသဖြင့် သေလျှင် ငရဲ အစရှိသည်တို့၌ ဖြစ်ကြ၏။´
နိုင်ထက်ကလူ ပြုတတ်သူမှာ….
သူတစ်ပါးကို နိုင်ထက်ကလူညှဉ်းဆဲတတ်သော သူတို့သည် မျက်မှောက်တွင်ပင် လူအပေါင်းတို့ ကဲ့ရဲ့ခြင်းကို ခံကြရပြီး၊ သေသည်၏နောက်၌ ငရဲ အစရှိသည်တို့၌ ကျကုန်၏။
လူအဖြစ် တစ်ဖန် ရပြန်ပါလည်းေ မွးကတည်းက ရောဂါအထွေထွေနှင့် မွေးလာတတ်၏။ လူနှင့် ရောဂါ အဆက်မပြတ်ဖြစ်နေတတ်၍ အမြဲပင် ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်း ဖြစ်နေရ၏။
ထို့ကြောင့် သတ္တဝါအားလုံးအပေါ်၌ မေတ္တာနှင့် ယှဉ်သောစိတ်ရှိပြီး နူးညံ့သောစိတ်ကို မွေးရာ၏။
ဒေါသ အမျက်ကြီးသော ပုဂ္ဂိုလ်သည် ငရဲဘေးမှ မလွတ်ဟူ၍ မြတ်စွာရားသည် မိန့်တော်မူ၏။
တစ်ကြိမ်ဟောရုံဖြင့် သဘောပေါက်သူ…….
ထို ဒုဠလိစ္ဆဝီမင်းသားသည် မြတ်စွာဘုရား အဆုံးအမကို တစ်ကြိမ်သာ နားကြားရုံဖြင့် မာနကင်းကွာ ယဉ်းကျေးနူညံ့လာသည်ဖြစ်၏။ သူတစ်ပါးဆို့ ဆဲရေး ပုတ်ခတ်သော်လည်း ပြန်၍ မကြည့်၊ အစွယ်ကျိုးသော မြွေကဲ့သို့ ဒေါသ၊
မာန်မာန၊ မရှိတော့သည်သာဖြစ်၏။
ရဟန်းတို့သည် ထိုအကြောင်းကို တအံ့တသြ ပြောကြားဆွေးနွေးကြ၏။
မြတ်စွာဘုရား ကြွာလာတော်မူလျှင် အဘယ်စကားဖြင့် စည်းဝေးကြသနည်းဟု မေးတော်မူ၍ ဒုဠလိစ္ဆဝီ မင်းသားကို တစ်ကြိမ်တည်း ဆုံးမခြင်းအကြောင်းကို စည်းဝေးကြပါသည်ဟု နားတော်လျှောက်၏။
မြတ်စွာဘုရားသည် ရှေးကလည်း တစ်ကြိမ် တည်းဖြင့် ဆုံးမခဲ့ဖူးပြီဟု အတိတ်ဇာတ်ကို ဟော်တော်မူသည်။
အတိတ်ဇာတ်……….
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းစိုးစံစဉ်- ဘုရားလောင်းသည် စျာန်ရ ရသေ့ဖြစ်၍ ဟိမ၀န္တာမှ ဗာရာဏသီသို့ ချဉ်ဆားအလို့ငှာ ကြွရာ၊ ယင်းမင်း၏ ပင့်လျှောက်ချက်အရ မင်းဥယျာဉ်တွင် သီတင်းသုံးနေ၏။
မင်းသည် တစ်နေ့နှစ်ကြိမ် သုံးကြိမ် ဘုရားလောင်းထံ ခစား၏။
ထိုမင်းတွင် ရိုင်းစိုင်းကြမ်းကြုတ်သော တစ်ဦးတည်းသော သားရှိ၏။ မိဘဆွေမျိုးတို့က ဆုံးမလည်းမရ၊ ထင်ရာပြော၊ ထင်ရာလုပ်နေ၍ ဒုဠကုမာရဟု ခေါ်ကြ၏။
ဗြဟ္မဒတ်မင်းသည် ဘုရားလောင်း ရသေ့အား လျှောက်ထား၍ ဒုဠကုမာရအား အပ်၏။
တမာပင်ပေါက်………
ဘုရားလောင်းသည် မင်းသားကို ခေါ်၍ ဥယျာဉ်တွင်း၌ လှည့်လည်၏။ တစ်နေရာတွင် ရွက်ညွန့်နှစ်ရွက်သာထွက်သော တမာပင်ငယ်ကို တွေ့လျှင် မင်းသားအား ထိုအရွက်တစ်ရွက်ကို စားကြည့်စေ၏။ ခါး၍ `ထွီး´ဟု ထွေးပစ်လိုက်သည်။
ဘုရားလောင်းက- `ဘာဖြစ်လို့လဲ´ဟု မေး၏။
`အရှင်ဘုရား ဤသစ်ပင်ငယ်သည် အရွက်ကလေး နှစ်ရွက်သာ ထွက်ပြီး မြေကြီးပေါ် လက်လေးသစ်မှ မတက်ရသေး၊ ယခုပင် အဆိပ်ကို စားရသလို ခါးနေသည်။ ကြီး၍ အသီးများ သီးလျှင် လူများစွာကို သတ်လိမ့်မည်´ဟု ပြောပြောဆိုဆို
တမာပင်ကို နုတ်ယူပြီး လက်ဖြင့်နယ်ခြေကာ မြေပေါ်သို့ လွှင့်ပစ်၏။
ထိုအခါ ဘုရားလောင်း ရသေ့က- `မင်းသား သင်သည် ဤတမာပင်ငယ် ကြီးလာလျှင် ခက်မည်ဟု ယခုကပင် နုတ်၍ နယ်၍ လွှင့်ပစ်၏။ ထို့အတူ သင်သည် တမာပင်ကဲ့သို့ ရုန့်ရင်းကြမ်းကြုတ်ကာ ထင်ရာစိုင်းနေမည်ဆိုလျှင် ငယ်ငယ်ကပင် ဆုံးမ၍မရ။
ကြီး၍ မင်းဖြစ်လျှင် ခက်ခြိမ့်မည်ဟု သင့်ကို တမာပင်ကဲ့သို့ ပြည်မှ နှင့်ထုတ်ကြလိမ့်မည်။ သင်သည် တမာရွက်လို လူအများ မရွံရှာအောင် ခန္တီ၊ မေတ္တာ၊ ကရုဏာနှင့် ပြည့်စုံပါစေ´ဟု ဟောကြား၏။
ထိုနေ့မှစ၍ မင်းသားသည် မာနကင်း၍ ခန္တီ၊ မေတ္တာ၊ ကရုဏာတို့ဖြင့် ပြည့်စုံလေသဖြင့် အဖလွန်လျှင် မင်းအဖြစ်သို့ ရောက်ပြီး ကံအားလျော်စွာ နတ်ပြည်သို့ လားလေ၏။
ဇာတ်ပေါင်းသော်………..
ဒုဠကုမာရသည် - ယခုလိစ္ဆဝီမင်းသား
ဗြဟ္မဒတ်မင်းသည် - အာနန္ဒာ
ရသေ့သည် - ငါဘုရားဟု ဇာတ်တော်ကို ပေါင်း၏။
*** ဦးလှခင် - ဆန်းညွန့်ဦး ****
Credit _ JACBA

Comments
Post a Comment