စိတ်ခံစားချက်နဲ့ အလိုဆန္ဒတွေကို ဖယ်ရှားပစ်ပါ

စိတ်ခံစားချက်နဲ့ အလိုဆန္ဒတွေကို ဖယ်ရှားပစ်ပါ
---------------------------------------------------
တစ်နေ့တော့ အမတ်ကြီးနဲ့ဘုရင့်သားဟာ ဥယျာဉ်တစ်ခုမှာ ထိုင်ရင်း အပန်းဖြေနေကြပါတယ်။ထိုအချိန်မှာ ငှက်တစ်ကောင်က မင်းသားအပေါ်ချေးပါချပါတယ်။မင်းသားက လဲစိတ်တိုသွားပြီး နောက်လိုက်ရဲမက်တွေကို အဲဒီငှက်ကို တွေ့အောင်ရှာပြီး ဖမ်းလာခဲ့လို့ အမိန့်ပေးလိုက်ပါတယ်။ရဲမက်တွေလဲ အသည်းအသန် ငှက်နောက်ကိုပြေးလိုက်ကြပါတယ်။
ရဲမက်တွေထွက်သွားတော့မှ အမတ်ကြီးက " အရှင့်သား အဘယ့်ကြောင့် ငှက်ကို လိုက်ခိုင်းသနည်း" မင်းသားက " အမတ်ကြီး ထိုငှက်ကား မတန်မရာ တော်၀င်သွေးရဲ့ ခေါင်းပေါ်ကို မစင်စွန့်၏။ ထို့ကြောင့် ကျွန်ုပ် အမျက်ချောင်းချောင်းထွက်သောကြောင့် လိုက်ဖမ်းခိုင်းရလေသည် "
အမတ်ကြီးက " တကယ်လို့ ငှက်ကိုဖမ်းမိလာသော် ဘာလုပ်မည်နည်း" ဟုမေးသောအခါ ဘုရင့်သားက " ဖမ်းမိလာလျှင် ထိုငှက်အား ကျွန်ုပ်ကိုယ်တိုင် သေအောင်သတ်မည် ဒါမှသာ ကျွန်ုပ်ဆန္ဒပြည့်၀နိုင်မည်ဖြစ်သည်"
အမတ်ကြီးက ထိုစကားကြားသော ခေါင်းကို ခါ၏။မင်းသားက အမတ်ကြီးအား ကြည့်နေ၏ ။ အမတ်ကြီးကပင် " အရှင့်သား ခေါင်းဆောင်ကောင်းတို့မည်သည် ၄င်းတို့၏ စိတ်ခံစားချက်နှင့် ဆန္ဒတို့ကို ဆုံးဖြတ်ချက်ချရာတွင် အသုံးမပြုသင့်ပါ။အဘယ့်ကြောင့်ဆိုသော ၄င်းတို့၏ စိတ်ခံစားချက်အလျှောက်ချမှတ်သော ဆုံးဖြတ်ချက်များသည် ၄င်းတို့၏ လက်အောက်ငယ်သား၊နောက်လိုက်များစွာကို ပင်ပန်းခြင်းဖြစ်စေ၏။ အားအင်ကုန်ခမ်းစေ၏။ အခန့်မသင့်လျှင်ပုန်ကန်တော်လှန်နိုင်ပေ၏။ ထို့ကြောင့် ဆုံးဖြတ်ချက်ချသည့်အခါတွင် စိတ်ခံစားချက်အတိုင်းမလုပ်ပဲ အေးအေးစဉ်းစားသင့်ပေသည်။
အရှင့်သားတို့လို တိုင်းပြည်အုပ်ချုပ်မင်းလုပ်မည့်သူများ ပိုအရေးကြီး၏။ဆန္ဒ နဲ့ စိတ်ခံစားချက်အတိုင်းပြုမူပါမူ တိုင်းပြည်ပျက်ကြောင်း ဖြစ်ပေလိမ့်မည်။
ထိုအခါမှ မင်းသားလဲနားလည် သဘောပေါက်၏။ ထိုစဉ် နောက်လိုက်များ ပြန်ရောက်လာကြ၏။ ငှက်နောက်ကို ပြေးလိုက်လာရသဖြင့် ထိခိုက်ဒဏ်ရာများ ရကြကုန်၏။ မင်းသားကို ထိုငှက်အား ဆက်သလေသည်။ မင်းသားလဲ ထိုငှက်ကလေးကို ကြည့်ပြီးနောက် ကောင်းကင်သို့ ပြန်လွတ်ပေးလိုက်လေသည်။ နောက်လိုက်စစ်သည်တို့လဲ မင်းသားအား နားမလည်သလို ကြည့်ကြ၏။ငှက်ကလေးကား ကောင်းကင်သို့ ပျံတက်ပျောက်ကွယ်သွားလေသည်။
မောင်စိုင်း

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်