ခံယူချက်
ဒီပုံပြင်လေးကိုကြားဖူးသလား..။
တစ်ခါတုန်းက.အုတ်စီအလုပ်သမားသုံးယောက်ရှိတယ်တဲ့..။
အုတ်စီအလုပ်သမားတွေဆိုတော့..အုတ်ခဲတွေစီနေကြတာပေါ့..။
ဒါနဲ့ လူတစ်ယောက်က သူတို့တစ်ယောက်ချင်းစီကို... သူတို့ဘာလုပ်နေသလဲမေးကြည့်တယ်..။
ပထမတစ်ယောက်က....သူအုတ်ခဲတွေစီနေတာတဲ့..။
ဒုတိယတစ်ယောက်....သူနံရံတစ်ခုဆောက်နေတာတဲ့..။
တတိယတစ်ယောက်က...သူဘုရားကျောင်းဆောက်နေတာပါတဲ့..။
တစ်ယောက်နဲ့တစ်ယောက် အဖြေမတူကြသလို
အလုပ်အပေါ်ထားတဲ့ ခံယူချက်ခြင်းလည်းမတူကြပါဘူး။
တစ်ချို့လူတွေက..ကိုယ်လုပ်နေတဲ့အလုပ်ကို.. .သေးသိမ်တယ်လို့မြင်တတ်ကြတယ်..။
တစ်ချို့တွေကတော့...ကိုယ်ကဘယ်နေရာမှာ..ဘယ်တာ၀န်ကိုထမ်းဆောင်နေတယ်..ဘာအတွက်လုပ်နေတယ်ဆိုတာမြင်တယ်..။
နှမ်းတစ်လုံးနဲ့ဆီမဖြစ်ဘူး...ဒါပေမယ့်. .နှမ်းတစ်လုံးမှ..မရှိရင်လည်းဆီမဖြစ်ဘူး..
အရေးကြီးတာကတော့..ကိုယ်ဘာလုပ်နေလုပ်နေ...
ကိုယ့်ခံယူချက်..သဘောထား..ကအရေးကြီးတယ်...။
Pirates of the Caribbean ဇာတ်လမ်းထဲက ကတ်ပတိန်ဂျက်စပဲရိုးပြောဖူးသလိုပေါ့..
"ပြသာနာကပြသာနာမဟုတ်ဘူး... တကယ့်ပြသာနာက..ပြသာနာအပေါ်ထားတဲ့..ခံယူချက်ပဲ"
ခံယူချက်ဆိုတာ..လူတစ်ယောက်အတွက်တကယ်အရေးကြီးပါတယ်..။
ကဲ..ဘယ်လိုလဲ..သင်လည်းအုတ်စီနေတာလား...ဘုရားကျောင်းဆောက်နေတာလား...
Comments
Post a Comment