ကုန်သည်နှစ်ဦး*

*********ကုန်သည်နှစ်ဦး*******
တစ်ရံရောအခါ မြို့ကြီးတစ်မြို့မှ မြို့သူမြို့သားတို့သည် စည်းဝေးတိုင်ပင်ကြ၏။ သူတို့သည် သူတို့မြို့ကို ကာကွယ်ရန်အလို့ငှာ ခံတပ်ကြီးတစ်ခု ဆောက်လုပ်ရာတွင် မည်သည့်ဝတ္ထုပစ္စည်းဖြင့် ဆောက်လုပ်က အဆင်ပြေဖြစ်မည်ကို အသီးသီး တင်ပြဆွေးနွေးလျက် ရှိကြ၏။
ထိုအခါ လက်သမားတစ်ဦးက သစ်သားသာလျှင် ခံတပ်ဆောက်ရာတွင် အကောင်းဆုံးဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော်သစ်သားသည် ပေါပေါများများ ရရှိနိုင်၍ ဆောက်လုပ်ရာ၌လည်း လွယ်ကူကြောင်း အကြောင်းပြပြောဆိုလေသည်။
ထိုအဆိုကို ကျောက်ပန်းရံဆရာတစ်ဦးက ကန့်ကွက်လေသည်။ သစ်သားမှာ မီးလောင်လွယ်သည် ဟုဆိုကာ ၎င်းအစား ကျောက်ကို အသုံးပြုရန် အကြံပေးလေ၏။
ဤတွင် သားရေနယ်သမားတစ်ယောက်သည် စုံရပ်လျက် " ကျွန်ုပ်၏ အမြင်ကို ပြောရလျှင်ကား သားရေလောက်ကောင်းသော တည်ဆောက်ရန် ဝတ္ထုပစ္စည်း မရှိတော့ပါ" ဟုဆိုလိုက်လေသတည်း။
မင်းယုဝေနှင်းငွေတာရီပြန်ဆိုသော ကမ္ဘာကျော်အီစွတ်ပုံပြင်မှကူးယူဖော်ပြသည်
#Myo

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်