ကန်တော့ပါ

ကန်တော့ပါ

နှမြောတတ်သော ဘုန်းကြီး။   😂😂😂😂
===================
   .   တစ်ခါတုန်းက ခရီးသွားဧည့်သည် နှစ်ယောက်ဟာ
မွန်းတည့်ခါနီး ခရီးကလည်းပန်းနေတာမို့ ရွာတစ်ရွာရှိ ဘုန်းတော်ကြီးကျောင်းမှာဝင်နားကြတာပေါ့။
" တို့ခရီးကလည်း ပန်း။ ဆာကလည်း ဆာတယ်။
ဆရာတော်ထံမှာ ဆွမ်းကျန် ဟင်းကျန်လေး
လျှောက်ပြီး တောင်းစားရအောင်" ဆိုပြီး
ကျောင်းပေါ်တတ် ရှိခိုးနေပါသတဲ့။

ကျောင်းထိုင်ဆရာတော်က"… ဒကာတို့ ဘာကိစ္စ"လို့
မေးတဲ့အခါ "တပည့်တော်တို့ခရီးသွားတွေပါဘုရား"
အရှင်ဘုရားထံမှာ ဆွမ်းကျန် ဟင်းကျန်ကလေးများ
ရှိမလား " လို့ လျှောက်လိုက်တော့
" ကုန်ပြီ " လို့ ဘုန်းကြီးက ခပ်ပြတ်ပြတ်
ဖြေလိုက်သတဲ့။

" ဒါဆို ငှက်ပျောသီးလေး ဘာလေး"

" မရှိဘူးကွ"

" မှန်ပါ့ ဆေးလိပ်တိုလေး တစ်တိုလောက်"

" ဟာ ဒီဒကာတွေ မရှိပါဘူးဆိုနေ"

ဒါနဲ့ပဲ ဒကာနှစ်ဦးဟာ ကျောင်းပေါ်က ဆင်းလာခဲ့ရ
တော့တယ်။ ကျောင်းအောက်ရောက်တော့
ဦးပဉ္စင်းလေး တစ်ပါးနဲ့တွေ့တယ်။
ဦးပဉ္စင်းက …

" ဒကာကြီးတို့ ကျောင်းပေါ် ဘာသွားလုပ်ကြတာလဲ"
မေးတယ်။

" တပည့်တော်တို့ ဆွမ်းကျန် ဟင်းကျန်လေးများ
ရမလားလို့ပါ ဘုရား"

" ရခဲ့ရဲ့လား ဒကာကြီးတို့"

" မရခဲ့ပါဘူး ဦးပဉ္စင်းရယ်"

" ဒါဆို လိုက်ခဲ့"

ဦးပဉ္စင်းလေးက ကျောင်းပေါ်တတ်သွားတော့
ဒီတစ်ခါတော့ စားရတော့မှာပဲဆိုပြီး ဝမ်းသာအားရ
ကျောင်းပေါ် လိုက်တတ်သွားကြတာပေါ့။
ကျောင်းပေါ်ရောက်တော့ ဦးပဉ္စင်းလေးကပြုံးပြီး
ဘုန်းကြီးကို ရှိခိုးတယ်။

" မောင်ပဉ္စင်း ပြုံးလှချည်လားကွယ့် ဘာအကြောင်း
များ ရှိသလဲ " လို့မေးတော့ …

" မှန်ပါ့ တပည့်တော် ညက အိမ်မက်မက်တယ်
ဘုရား။ အိမ်မက်ထဲမှာ အရှင်ဘုရားက
ရှင်ဘုရင်ကြီးဖြစ်လို့ ဘုရား" လို့ လျှောက်လိုက်
တာနဲ့ ဘုန်းကြီးဟာ သဘောတော်ကျလို့
ပြုံးနေသတဲ့။

" အရှင်ဘုရား ရှင်ဘုရင်ကြီးဖြစ်ရင် တပည့်တော်ကို
နယ်တစ်ခုတော့ အပိုင်စားပေးပါဘုရား"

" မောင်ပဉ္စင်းက ဘယ်နယ်များ လိုချင်သတုန်း"

အလွန်ကျေနပ်တဲ့ မျက်နာနဲ့ မေးနေတာပါတဲ့။

" တပည့်တော် ကျောက်ပန်းတောင်းနယ် လိုချင်ပါ
တယ် ဘုရား"

" ဟာ မောင်ပဉ္စင်းကလည်း ဘုန်းကြီး ထန်းလျက်
ကြိုက်မှန်း သိရဲ့သားနဲ့ ဘယ်ပေးနိုင်မလဲ" လို့
မိန့်ပါသတဲ့။

" ဒါဆို ရှမ်းပြည်နယ် တောင်တန်းကြီးတွေ ပေးပါ
ဘုရား"

" ဟေ မဖြစ်ဘူးကွ ငါ့ဘကြီးက လက်ဖက်
သိပ်ကြိုက်တာ သူ့ပေးရမယ်"

" ဒါဆိုလည်း ဘုရား ဘာမှအသုံးချလို့့ မရတဲ့
ပခုက္ကူတို့ မြိုင်တို့နယ်ထဲက"

" အဲဒါမှ မင်းနဲ့ငါနဲ့ ရန်သူပဲ အဲဒါ ရှင်မတောင်နယ်ကွ
ငါ့ မိဘုရားကြီးက သနပ်ခါး သိပ်ကြိုက်တာ"

ဒီအခါ ဦးပဉ္စင်းက ဒကာနှစ်ဦးကို အသာလက်တို့
ရှိခိုးပြီး ကျောင်းအောက် ဆင်းလာခဲ့တယ်။
ကျောင်းအောက်ရောက်တော့ ဦးပဉ္စင်း ပြောလိုက်တဲ့
စကားကြောင့် ဒကာနှစ်ဦးဟာ အသာကုပ်ပြီး
ကျောင်းဝိုင်းထဲက ထွက်သွားခဲ့ရပါရောတဲ့
ဦးပဉ္စင်း ပြောလိုက်တာက…

" ကဲ… ဒကာတို့ လက်တွေ့မြင်ပြီမဟုတ်လား။
ဦးပဉ္စင်းတို့ ဘုန်းကြီးက ရှိတဲ့ပစ္စည်းပေးဖို့ မပြောနဲ့
မရှိသေးတဲ့ ပစ္စည်းတောင် တောင်းမရဘူး
တွေ့တယ် မဟုတ်လားတဲ့" … … …

ဆရာတော် ဦးဃောသိတ
( တစ်ဘဝ သာသနာ ) မှ

ပြန်လည်မျှဝေပေးပါသည်။

PK Kyaw Zay Ya

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်