ဘောလုံးလေးစတီဗင်
ဘောလုံးလေးစတီဗင် (ကလေးစာပေ)
---------------------
တစ်ခါတုန်းက စတီဗင်လို့ခေါ်တဲ့ဘောလုံးလေးတစ်လုံးရှိခဲ့တယ်။ သူဟာ ဘောလုံးဖြစ်ပေမယ့် တခြားဘောလုံးတွေလို သူ့ကို ကန်နေကြတာတွေကို လုံး၀ မကြိုက်ဘူး။ ဘောလုံးကန်လေ့ကျင့်ကြတဲ့နေ့တစ်နေ့မှာ စတီဗင်ဟာ ဒီလိုမျိုး စဉ်းစားနေမိခဲ့တယ်။
-
"ငါဟာ ဘောလုံးဖြစ်တဲ့အတွက် အကန်ခံရတာတော့ မဆန်းပါဘူးလေ၊ ဒါပေမယ့် အကန်ခံရတာကို ငါမှ မကြိုက်ဘဲ အဲဒီတော့ လူတွေဘောလုံးကန်တဲ့အချိန်တိုင်း တစ်နေရာမှာ ငါပုန်းနေမှပဲ" လို့စဉ်းစားနေခဲ့တယ်။
-
ဒီလိုနဲ့ နောက်တစ်ပတ် ဘောလုံးကန်တဲ့နေ့ကို ရောက်လာခဲ့တယ်။ စတီဗင်ာ ဘောလုံးတွေ စုထည့်ထားတဲ့ ပိုက်အိတ်ကြီးရဲ့ အောက်ခြေမှာ နေရာယူပြီး ပုန်းနေခဲ့တယ်။ တခြားဘောလုံးတွေကတော့ သူ့အပေါ်မှာပေါ့။ စတီဗင်မျှော်လင့်ထားတဲ့အတိုင်းပဲ ဘောလုံးကန်ကြတဲ့ ကလေးတွေဟာ အပေါ်ပိုင်းမှာရှိတဲ့ ဘောလုံးတွေကိုပဲ ယူသွားကြတယ်။ စတီဗင်နဲ့ အခြားဟောင်းနွမ်းနေတဲ့ ဘောလုံးတွေပဲ ကျန်ခဲ့တယ်။
-
"ကောင်းလိုက်တာဟေ့" လို့ စတီဗင်က ၀မ်းသာအားရ အော်ဟစ်လိုက်တယ်။
-
တခြားဘောလုံးတွေ အကန်ခံနေကြရတာကို အရသာခံပြီးကြည့်တယ်။ တစ်ခါတစ်လေခပ်ပြင်းပြင်းအကန်ခံရတဲ့ဘောလုံးကို သူက လှောင်ပြောင်တယ်။ အဲဒီလိုနဲ့ တစ်ပတ်လုံး စတီဗင်ာ ဘောလု့းအိတ် အောက်ခြေမှာ တမင်၀င်နေရင်းနဲ့ ပျော်ရွှင်ခဲ့တယ်။
-
အဲီလိုနဲ့ နောက်တစ်ပတ် ဘောလုံးကန်ချိန်ကို ရောက်လာခဲ့တယ်။ ထုံးစံအတိုင်းပဲ သူကျန်ခဲ့တယ်။ စတီဗင်ဟာ သူနဲ့အတူ ပိုက်ထဲမှာ ကျန်ခဲ့တဲ့ ဘောလုံးတွေကို သေချာလိုက်ကြည့်တယ်။ တချို့က အရေတွေတွန့်နေကြတယ်။ တစ်ချို့ကတော့ သားရေတွေ ကွဲအက်ပြီး အရောင်တွေ ပျယ်လွင့်နေကြတယ်။ အသစ်နဲ့ တူတာဆိုလို့ စတီဗင် တစ်ယောက်တည်းပဲ ရှိတယ်။ သူတို့နဲ့ ပုံစံခြင်းမတူတဲ့အတွက် စတီဗင့်ကို စကားလည်း သိပ်မပြောကြဘူး။ စတီဗင် ၀မ်းနည်းလာခဲ့တယ်။ သူတစ်ယောက်တည်း အိတ်ကြီးရဲ့ အခြားဘက်ခြမ်းမှာ သွားနေ နေလိုက်တယ်။ သက်ပြင်းတွေလည်း ခဏခဏချတယ်။ သူသက်ပြင်း ချလိုက်တိုင်းမှာ သူ့ကိုယ်ထဲက လေတွေ ထွက်သွားခဲ့တယ်။
-
အဲဒီလိုနဲ့ ရသတ္တပတ်တွေ တစ်ပတ်ပြီးတစ်ပတ် ကုန်ဆုံးသွားခဲ့တယ်။ စတီဗင်ဟာ တစ်ယောက်တည်း အထီးကျန်သည်ထက် ကျန်လာခဲ့တယ်။ သက်ပြင်းတွေလည်း ချပြီးရင်း ချခဲ့တယ်။ သူ့ခန္ဓာကိုယ်ဟာလည်း သေးသည်ထက် သေးလာခဲ့တယ်။ နောက်ဆုံးတော့ ဘောလုံးကန်တဲ့ ကလေးတွေရဲ့ နည်းပြကြီးဟာ နောက်ထပ် ရာသီတစ်ခုအတွက် သုံးလို့ရသေးတဲ့ ဘောလုံးတွေကို ပြန်လည် သိမ်းဆည်းဖို့အတွက် စစ်ဆေးနေတယ်။ ဘောလုံးအကောင်းတွေကို နောက်နှစ်မှာ ပြန်သုံးပြီး အဟောင်းတွေကိုတော့ စွန့်ပစ်မှာဖြစ်တယ်။ အဲဒီလို ဘောလုံးတွေ တစ်လုံးပြီးတစ်လုံး စစ်ဆေးပြီး စတီဗင်ရဲ့ အလှည့်ကို ရောက်လာတယ်။ သူဟာ စတီဗင်ကို သေချာကြည့်ပြီး
-
"ဒီဘောလုံးက လေရှုံ့နေတာပဲ အပေါက်ရှိနေပုံရတယ်" လို့ပြောခဲ့တယ်။
-
စတီဗင် သက်ပြင်းချတဲ့အတွက် လေရှုံ့နေတာကို သူမသိခဲ့ဘူး။ သူဟာ စတီဗင်ကို အမှိုက်ပုံးထဲကို ကန်ထုတ်ပစ်လိုက်တယ်။
-
အဲဒီအမှိုက်ပုံးဟာ ကျင်းတူးပြီး မြှုပ်မယ့် အမုက်ပုံထဲကို သွားပြီး စွန့်ပစ်ရမှာပါ။ အဲဒါကို စတီဗင် ချက်ချင်းသိလိုက်တယ်။ သေမြေမြှုပ်ခံရတော့မယ်။ ဘယ်တော့မှလည်း အကန်မခံရတော့ဘူး။ စတီဗင်ဟာ အရမ်းပဲ ၀မ်းနည်းလာခဲ့တယ်။ သူ့ရဲ့ အဖြစ်ကို တွေးပြီးတော့လည်း ငိုမိတယ်။
-
စတီဗင် ငိုနေတုန်းမှာ ကလေးတွေ ပြေးလာသံကို ကြားလိုက်တယ်။ သူတို့က နည်းပြကြီးကို-
-
"ကျွန်တော်တို့ ဘောလုံးပျောက်သွားလို့၊ တစ်လုံးလောက် အစားပေးလို့ရမလားခင်ဗျာ" လို့ ပြောနေသံကို ကြားရတယ်။ နည်းပြကြီးက
-
"ခုတော့ မရှိတော့ဘူးကွ၊ ကလပ်က ဘောလုံးတွေကို ငါပေးလို့မရဘူး။ မင်းတို့လိုချင်ရင်တော့ ဟောဟိုက အမှိုက်ပုံးထဲမှာ ဘောလုံး အစုတ်တစ်လုံးရှိတယ်။ အဲဒီဘောလုံးက လွှင့်ပစ်မယ့် ဘောလုံးဆိုတော့ လိုချင်ရင်တော့ယူသွားကြ"
-
ကလေးတွေဟာ စတီဗင်ကို အိမ်သယ်သွားတယ်။ ပြီးတော့ စတီဗင်ကို တင်းနေအောင် လေထိုးလိုက်ကြတယ်။ သူတို့တွေဟာ ဘောလုံးတစ်လုံးရတဲ့အတွက်လည်း ပျော်နေကြတယ်။
-
စတီဗင်ဟာလည်း အရမ်းကိုပျော်ခဲ့တယ်။ ခုတော့ သူနောင်တလည်းရခဲ့တယ်။ ကိုယ့်တာ၀န်ကိုယ်ကျေဖို့လည်း ဆုံးဖြတ်ခဲ့တယ်။ တာ၀န်မကျေရင် အမှိုက်ဖြစ်လိမ့်မယ်ဆိုတာ သူသဘောပေါက်လာတယ်။ အဲဒါကြောင့် သူ့ဟာသူ စကားတစ်ခွန်းပြောလိုက်တယ်
-
"ကန်ချင်ကန်ကြစမ်းပါစေ။ စတီဗင်ဟာ ဘောလုံးဆိုတော့ ကန်လေပျော်လေပဲ"
-
စတီဗင်ဟာ အဲလိုပြောပြီး အသက်ကို တင်းတင်းရှူလိုက်တယ်။ အဲဒီအခါ စတီဗင်ရဲ့ ကိုယ်လုံးလေးဟာ တင်းလာခဲ့တော့တယ်။
------
ပုံပြင်ထဲကသင်ခန်းစာ-
ကလေးတို့ရေ စတီဗင်သာ တကယ်လို့ တာ၀န်မကျေခဲ့ရင် အမှိုက်ပုံထဲကို အပစ်ခံရမှာ သေချာတယ်။ လောကကြီးမှာလည်း ဒီအတိုင်းပဲ ကိုယ့်တာ၀န် ကိုယ်မကျေတဲ့လူဟာ အမှိုက်ပဲ။ ဘယ်နေရာမှာမှ အသုံးမကျတဲ့လူဖြစ်တတ်တယ်။ အဲဒီတော့ ကိုယ့်တာ၀န် ကိုယ်ကျေအောင်ကြိုးစားကြရမယ်။ ကလေးတို့ဟာ ကျောင်းသားဖြစ်တဲ့အပြင် ဖေဖေ၊ မေမေ တို့ရဲ့ သားသမီးလည်းဖြစ်တယ်။ ကျောင်းသားတာ၀န်ဖြစ်တဲ့ စာကို ကြိုးစားကြရမှာဖြစ်သလို၊ သားသမီးတာ၀န်ဖြစ်တဲ့ ဖေဖေမေမေတို့ရဲ့ စကားကို နားထောင်ပြီး လိမ်မာကြရမယ့်။
တစ်ကယ်လို့ ကိုယ့်တာ၀န်ကိုယ်မကျေခဲ့ရင်တော့ အမှိုက်ဖြစ်တ်တယ်ဆိုတာ မှတ်သားထားကြရမယ်။
(ဦးဦးဖြိုးသုတ)
အနာဂတ်ရဲ့ကလေးငယ်အားမာန်ပုံပြင်များ စာအုပ်မှ ထုတ်နှုတ်တင်ပြပါသည်။
#Credit_ဖြိုးသုတ

Comments
Post a Comment