မိခင်မေတ္တာ တုမနှိုင်းသာ
*** မိခင်မေတ္တာ တုမနှိုင်းသာ ***
တစ်ခါတုန်းက ရွာတစ်ရွာမှာ ဦးသင်၊ ဒေါ်မျှ င် ဆိုတဲ့ လင်မယား နှစ်ယောက်ရှိကြတယ်။ သူတို့မှာ သမီးလေး ဥမ္မာနဲ့ သားကြီး ၀ဏ္ဏ ဆိုတဲ့ သားသမီးနှစ်ယောက် စုစုပေါင်း မိသားစု လေးယောက်နေထိုင်ကြသတဲ့။
- သမီးငယ် ဥမ္မာဟာ လိမ္မာရေးခြားရှိသလောက် ၀ဏ္ဏဟာ မလိမ္မာဘူး။ မမှန်ကန်တဲ့ အပေါင်းအသင်းတွေ ထားပြီးပျက်စီးချင်တိုင်း ပျက်စီးနေတယ်။
အရက်သေစာ စားသောက်ပြီး မူးယစ် ရမ်းကားတယ်။ လူကြီးသူကြီးမှန်းမသိ ဆဲရေးတိုင်းထွာတယ်။ စော်ကားတယ်။ မိန်းမပျိုလေးတွေ တွေ့ရင်လည်း နှမချင်းမစာနာ ပြောဆိုတတ်တယ်။
မူးရှုးပြီး ဆဲလား ရမ်းလား လုပ်တတ်တယ်။ ကြီးသူကို မထီလေးစား ဆက်ဆံတတ်တယ်။ ငယ်သူကို အနိုင်ကျင့်တယ်။
၀ဏ္ဏ ရုပ်လေးသန့်ပြန့်သလောက် စရိုက်ကြမ်းနေတဲ့အတွက် လူကောင်းတွေက မပေါင်းကြဘူး။ ဝေးဝေးကနေ ရှောင်ရှားကြတယ်။
၀ဏ္ဏနဲ့ ပတ်သက်ပြီး မိဘတွေဆီ အတိုင်အတောခံရပေါင်းလည်း များလှပြီ။
ဖခင်ကြီးဟာ ၀ဏ္ဏကို ရိုက်နှက်ပြီး ဆုံးမတတ်တယ်။ ဒါပေမယ့် ၀ဏ္ဏဟာ လိမ္မာပါတော့မယ်။ နောက်ကို ဘယ်တော့မှ မမိုက်တော့ပါဘူးလို့ ဘယ်တော့မှမပြောဘူး။
မိခင်နှင့် အမြဲတမ်း ထိတွေ့နေတဲ့အတွက် မိခင်ရဲ့ ဆုံးမစကားကို ချော့ချည်တစ်ဖုံ၊ ခြောက်ချည်တစ်လှည့်နှင့် သားကို လိမ္မာလာစေဖို့ အမြဲတမ်း နားသွင်းတယ်။
ဒါပေမယ်…။ မွေးကတည်းက ဗွေဆိုး ပါလာတဲ့သားကို ဘယ်လိုမှ ဆုံးမလို့ မရပါဘူး။ ဆိုးမြဲဆိုး မိုက်မြဲမိုက်နေလျက်ပါပဲ။
`ပင်ကျရေ တစ်ခွက်သောက် ဘ၀ဂ်ရောက်အောင် မူးပါသလေ့၊ အေ့… ဝေါ့´
ထန်းတဲတွေမှာလည်း အပေါင်းအသင်းတစ်စုနဲ့ လူမှန်း သူမှန်းမသိအောင် မူးနေတတ်တယ်။ အိမ်ကိုလည်း မပြန်ဘူး ရွာစဉ်လှည့်ပြီး ကြက်တိုက်ချင်တယ်။
နွားပွဲ လုပ်ချင်လုပ်နဲ့ အလောင်းအစားကလည်း ဖက်သေးတယ်။
`အစ်ကို အိမ်ကိုပြန်လာပါ။ အမေနဲ့ အဖေကလဲ အစ်ကိုအတွက်နဲ့ စိတ်ဆင်းရဲလှပြီ။ အစ်ကို့ကို မကျေနပ်တဲ့ ဘူတွေက များနေလို့ အစ်ကိုတစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်နေကြတယ်။
ညီမလေး ဥမ္မာက အစ်ကိုနဲ့ ဆုံလို့ တောင်းပန်တဲ့အခါ… ` ညီမလေး… အဖေနဲ့ အမေဟာ အစ်ကို့ကို မုန်းနေကြတာကွယ့်၊ ဆုံးမလို့မရတဲ့ သားသမီးမို့ ပြန်လာမှာတောင် စိုးရိမ်နေကြတာ´
`ကဲ… မိဘပဲ အစ်ကိုရယ်၊ ကိုယ့်သားသမီးကို မုန်းနိုင်မလား´
`အို… ညီမလေး ဘာမှမသိပါဘူး။ သူတို့က တကယ် ခါးခါးသီးသီး မုန်းနေကြတာ´
၀ဏ္ဏရဲ့ တစ်ဖက်သတ်အယူအဆကို ပျောက်ပျက်သွားအောင် ဘယ်သူမှ မလုပ်နိုင်ကြဘူး။
တစ်နေ့တော့ မမျှော်လင့်မိတဲ့ အဖြစ်အပျက်တစ်ခု ရောက်လာခဲ့တယ်။
ထန်းတဲတစ်ခုမှာ… အပေါင်းအသင်းတစ်စုနဲ့ ထန်းရည်သောက်ကြရင်း သူတို့နဲ့ မလှမ်းမကမ်းမှာရှိနေကြတဲ့ တခြားအုပ်စုနဲ့ စကားများကြပါလေရော။
အဲ့ဒါကို ၀ဏ္ဏက သူတစ်ယောက်တည်း တုတ်နဲ့၀င်ရိုက်တယ်။ ဟိုဘက်ကလူ ခေါင်းကွဲသွားတာပေါ့။
၀ဏ္ဏရဲ့ အပေါင်းအသင်းတွေကလည်း အမှုအခင်း ဖြစ်လာရင် သက်သေလိုက်ရမှာကြောက်လို့ ထွက်ပြေးကြတာပေါ့။
မနက်ကလည်း ရွာထဲက ကောင်မလေး တစ်ယောက်ကို လက်ဆွဲပြီး စကားပြောမိလို့ ကောင်းမလေးရဲ့ မိဘတွေက ၀ဏ္ဏရဲ့ မိဘတွေကို လာတိုင်ကြသေးတယ်။
ခုတစ်ခါ… ထန်းတောထဲမှာ ရန်ဖြစ်ကြလို့ ခေါင်းကွဲသွားတဲ့ ကိစ္စအတိုင်ခံရပြန်တဲ့အခါ မိခင်ဟာ သိပ်ပြီးဒေါသထွက်သွားခဲ့တယ်။
`သား… သား၊ မိဘရဲ့အဆုံးအမကိုမခံဘူး။ တော်တော် မိုက်တဲ့သား သိကြသေးတာပေါ့´
ဆိုပြီး မိခင်ဟာ သားရှိရာကို လိုက်လာတယ်။ သားကို လမ်းမှာမတွေ့တော့…
`ဟဲ့ ၀ဏ္ဏ၊ နင်ဟာ မိဘတွေအတန်တန်ဆုံးမနေတဲ့ အထဲက ကမ်းကုန်အောင် မိုက်လုံးကြီးနေတယ်။ ငါမိခင်အိုကြီးကိုလဲ နေ့တိုင်းစိတ်ဆင်းရဲအောင် လုပ်နေတယ်။ ကျွဲခတ်သေပါစေတော်´လို့ ကျိန်ဆဲလိုက်သတဲ့။
မိခင်ကြီး ကျိန်ဆဲလိုက်တဲ့စကားကို ခပ်လှမ်းလှမ်းမှာရှိနေတဲ့ ကျွဲကြီးတစ်ကောင်က ကြားသွားတဲ့အခါ…
`ဒီမိန်းမကြီးဟာ သူ့သားကိုကျိန်ဆဲလိုက်တယ်။ ဒါကြောင့် ငါ့ချိုနဲ့ တစ်ခါတည်း ခတ်ပြီး သတ်ပစ်လိုက်မယ်´ ဆိုပြီး ကျွဲကြီးဟာ ၀ဏ္ဏဆီကို တစ်ဟုန်ထိုး ပြေးလာတယ်။ ၀ဏ္ဏလည်း သူ့ကိုကျွဲခတ်တော့မယ်ဆိုတာ သိသွားမိတာနဲ့ အသိတရားတစ်ခု ချက်ချင်း၀င်လာပြီး…
`အို… အသင်ကျွဲ ခဏရပ်ပါဦး၊ ကျွန်ုပ်တစ်ခု သစ္စာပြုလိုပါတယ်´
`သင်က ဘာသစ္စာပြုချင်တာလဲ သားမိုက်၊ သင့်မိခင်ရဲ့ ကျိန်စာအရ သင့်ကို ငါ့ရဲ့ချိုနဲ့ခတ်ပြီး သတ်ရတော့မယ်´
ဒါကို ကျွန်ုပ်သိပါတယ်။ တကယ်လို့ ကျွန်ုပ်မိခင်ဟာ ကျွန်ုပ်ကိုသားဆိုတာ ချစ်ခြင်းမေတ္တာစိတ် တကယ်ကုန်ခန်းခဲ့၍ သေစေလိုသောဆန္ဒဖြင့် ပြောခဲ့သည်ဖြစ်ပါက အသင်ကျွဲ ကျွန်ုပ်ကို ခတ်လို့ရပါစေ၊ သို့မဟုတ်ဘဲ မေတ္တာမပျက်၊
ကရုဏာဒေါသောဖြင့် ပြောသောစကားဖြစ်ခဲ့ပါက အသင်ကျွဲရဲ့ ခွာ မြေမှာနုတ်မရဘဲ ရှိရပါစေသား´
အဲသလိုပြောလိုက်တာနဲ့ ကျွဲကြီးရဲ့ ခွာလေးဖက်စလုံးဟာ မြေမှာကပ်ပြီး နုတ်လို့မရတော့ဘူး။ ၀ဏ္ဏကိုခတ်လို့မရတော့ဘူးပေါ့။
အဲဒီတော့မှ ၀ဏ္ဏဟာ မိဘရဲ့ မေတ္တာတရား ဘယ်လောက်ကြီးမားတယ်ဆိုတာ သိသွားတော့တယ်။
ဘယ်မိဘကမှ သားသမီးအပေါ်မှာ မေတ္တာမပျက်ဘူး။ ပခုံးလက်နှစ်သစ်၊ ဖဝါးလက်နှစ်လုံး အရွယ်ကစပြီး လူဖြစ်အောင် ကျွေးမွေးပြုစုလာခဲ့တဲ့ မိဘရဲ့ မေတ္တာ စေတနာဟာ တောင်းဆိုးပလုံးဆိုးကိုသာ ပစ်ရိုးထုံးစံရှိမယ်။
သားဆိုး၊ သမီးဆိုးကိုတော့ ဘယ်တော့မှ မပစ်ပယ်ဘူး။
မိခင်ရဲ့ ခြေထောက်အစုံကို ပြေးဖက်ပြီး… `သားမှားပါပြီအမေ၊ မေမေရဲ့မေတ္တာကိုသားနာ်းလည်ပါပြီး သားလိမ္မာတော့မယ်။ နောက်ကိုဘယ်တော့မှ မဆိုးတော့ပါဘူး။ သားအဖေနဲ့ အမေကို လုပ်ကျွေးပါတော့မယ်။
သားမှားခဲ့မိသမျှ အပြစ်တွေကို ခွင့်လွှတ်ပါ´လို့ တောင်းပန်တယ်။ သားလိမ္မာသွားပြီဆိုတာသိလို့ မိခင်ကြီးဟာ ၀မ်းသာသွားပြီး မျက်ရည်ကျရှာတယ်။
`သားကို အမေ အစကတည်းက ခွင့်လွှတ်ပြီးသားပါကွယ်´ တုန်ယင်တဲ့ လေသံလေးနဲ့ သားရဲ့ခေါင်းကို ပွတ်သပ်ပြီး ပြန်ပြောလိုက်သတဲ့ကွယ်။
*** ၀င်းရွှေနောင်***
#Credit_JACBA
Doe Myanmar page

Comments
Post a Comment