ဝက်ထီးနဲ့ဝက်မ ပုံပြင်
ဝက်ထီးနဲ့ဝက်မ ပုံပြင်"(ဖတ်လိုက်ရတာ ရင်ထဲမကောင်းမိ)
၅ပေ ပတ်လည်ရှိသောခြံဝင်းလေးထဲမှာ
ဝက်ထီး နဲ့ ဝက်မ နှစ်ကောင်ရှိတယ်
သူတို့နှစ်ကောင် ဟာ တစ်ကောင်နဲ့တစ်ကောင် အရမ်းချစ်ကြတယ်
ဝက်မလေးက အမပီပီ ဝက်ထီးလေးကို အမြဲတမ်း အနိူင်ကျင့်တယ်
သခင်အစာကျွေးရင် သူအရင်ဆုံး ဝ အောင်စားတယ်
ပြီးမှ ကျန်တာ ဝက်ထီးလေးကို ပေးတယ်
ဝက်ထီးလေးကတော့ အပြုံးမပျက် စွာနဲ့ အလိုလိုက်တာပေါ့
အနိူင်ကျင့်တာတွေလည်း သည်းခံပေးတယ်
အမြဲတမ်း ဝဝလင်လင် စားရတဲ့ ဝက်မလေးဟာ တနေ့တခြား
ဝ ဝ လို့လာတယ် ဝက်ထီးလေးကတော့ ပိန်ညှောင်ညှောင်နဲ့ပေါ့
တနေ့ သခင်က အစာကျွေးနေရင်း
❝ဒီဝက်မလေး တော်တော် ဝ တာပဲ၊ရှေ့လဆို သတ်ပြီးရောင်းစားလို့ရပြီ❞ လို့ သူ့မိန်းမကို ပြောလိုက်တယ်
သူ့စကားကို ဝက်ထီးက ကြားမိသွားတယ်
အဲဒီနောက်ပိုင်း ဝက်ထီးလေးဟာ ဝက်မလေးအပေါ် ဆက်ဆံရေးတွေ
စပြီးပြောင်းလဲသွားတာပေါ့
အစာစားရင် ဝက်မလေးနဲ့ လုစားတယ် ၊ အရင်လို အဝအလင် မပေးစားတော့ဘူး ၊ သူပဲ ဝဝလင်လင် စားလိုက်တယ်
ညဆိုလည်း ဝက်မလေး ကို မပေးအိပ်ဘူး ၊
အိပ်ရေးပျက်အောင်လုပ်တယ်
ဝက်မလေးလည်း ဝမ်းနည်းတာပေါ့ ၊ ဇဝေဇ၀ါ လည်းဖြစ်မိတာပေါ့
ဘာ့ကြောင့် သူ့အပေါ် ရုတ်တရက် ပြောင်းလဲသွားလဲပေါ့
သူ့ကို အရင်လို မချစ်တော့ဘူးလို့ တွေးမိတာပေါ့
ဒီလိုနဲ့ တစ်လကြာတဲ့ အခါ ဝက်ထီးလေးဟာ အဆီတဝင့်ဝင့်နဲ့ ဝဖြိုး လို့နေတာပေါ့
သခင်က ဝက်ကို သတ်ပြီးရောင်းစားဖို့ အချိန်ကျလာတော့
ဝက်မလေးက ပိန်နေတာကို တွေ့လိုက်ရတယ်
ဒါနဲ့ပဲ ဝဖြိုးနေတဲ့ ဝက်ထီးလေးကို ဆွဲသွားတာပေါ့
အဲဒီအခိုက်တန့်လေးမှာပဲ
ဝက်ထီးလေးက အပြုံးလေနဲ့ ❝နောက်ဆို လျှော့စားနော်❞
လို့ ဝက်မလေးကို လှမ်းပြောလိုက်တယ်
ဝက်မလေး ကလည်း အဲချိန်ကျမှ သိတော့တယ်
ဘာ့ကြောင့် ဝက်ထီးလေးကသူ့ကို ဒီလိုပြုမူလည်းဆိုတာ
ဒါပေမယ့် အချိန်ဟာ နှောင်းသွားခဲ့ပြီလေ
ည
တိတ်ဆိတ်လို့နေတယ်
သခင်နဲ့ မိသားစုတွေ ဝက်ထီးလေးကို မြိန်ရေရှက်ရေ နဲ့ သုံးတော်ခံနေတာကို ဝက်မလေးက ဝမ်းနည်းကြေကွဲစွာနဲ့ လှမ်းမြင်နေရတယ်
ဝက်ထီးလေးမရှိတော့ သူ့ရင်ထဲမှာ ဟာတာတာနဲ့ပေါ့
ဝက်ထီးလေး အိပ်နေကျနေရာလေးကို အမှုမဲ့အမှတ်မဲ့
လှမ်းကြည့်မိလိုက်တယ်
ဝက်ထီးလေးရေးထားခဲ့တဲ့
စာကြောင်းလေး တစ်ကြောင်းတွေ့မိတယ်
❝တကယ်လို့ နင့်ကို ချစ်တယ်ဆိုတာ အပြောနဲ့ သက်သေပြလို့
မလုံလောက်တဲ့အခါ ငါ့ အသက်လေးနဲ့ပဲ သက်သေပြလိုက်ပါတယ် ❞
ဝက်မလေး .............ယူကြုံးမရ ထစ်ချုန်းချ ငိုချလိုက်မိလေတယ်
😭😭😭
ခွက်ဒစ်

Comments
Post a Comment