ရိုးသားသူကို ရွေးချယ်ပါ

ရိုးသားသူကို ရွေးချယ်ပါ
==============
ရှေးတုန်းက ဗာရာဏသီပြည်မှာ တက္ကသိုလ်ပါမောက္ခကြီးတစ်ဦးရှိခဲ့ပါတယ်။
သူ့မှာ အရမ်းချောမောလှပတဲ့ သမီးတစ်ယောက်လည်းရှိတယ်။
သမီးလေး အရွယ်ရောက်တော့ မိဘ၀တ္တရားအတိုင်း သင့်တော်မည့်သူနဲ့ ထိမ်းမြှားပေးရမှာပေါ့။
သူ့ဆီမှာ ကျောင်းလာတတ်တဲ့ ကျောင်းသားတွေက
လည်း မြို့အသီးသီးက ဒိတ်ဒိတ်ကြဲသူဌေးသားတွေချည်းပဲ။
ကျောင်းသား တိုင်းကလည်း ပါမောက္ခကြီးသမီးကို စိတ်၀င်စားကြတယ်။
ဒီတော့ ဆရာကြီးက ကျောင်းသားအားလုံးကို ခေါ်ပြီး ပြောတယ်။
"ကဲ တပည့်တို့၊ ငါ့သမီးကို ဘယ်သူ ယူချင်ကြသလဲ"။
ကျောင်းသားအသီးသီးဟာ သူယူမယ်၊ ငါယူမယ်နဲ့ ဆူညံ့နေပါတော့တယ်။
"ကဲ တပည့်တို့ သမီးကို လက်ထပ်ချင်ရင် အိမ်ပြန်ပြီး မိဘတွေမသိအောင် တန်ဖိုးရှိတဲ့ ရတနာတွေ ယူခဲ့ကြ"။
"ဟုတ်ကဲ့ ဆရာကြီး"။ အားလုံးအိမ်ပြန်ကြပါတယ်။
အသီးသီး မိဘတွေမသိအောင် တန်ဖိုးကြီးတဲ့ ရတနာတွေ ယူလာပြီး ပေးကြတယ်။
ဒါပေမယ့် ကျောင်းသားတစ်ယောက်ကတော့ မျက်နှာမှိုင်မှိုင်နဲ့ ဆရာကြီးကို ပြောပါတယ်။
"ဆရာကြီး ကျွန်တော် ဆရာကြီး သမီးကို စတွေ့တွေ့ချင်းကို အချစ်စစ်အချစ်မှန်နဲ့ မြတ်နိုးပါတယ်။
ကျွန်တော့်မိဘတွေကလည်း ချမ်းသာပါတယ်။ ဒါပေမယ့် ဆရာ ကြီးရယ် တန်ဖိုးရှိတဲ့ ပစ္စည်းကို
မိဘတွေမသိအောင် ယူလာမှ ဆရာကြီးသမီးကို ရမယ်ဆိုရင်တော့ ကျွန်တော် ဆရာကြီးသမီးက
ို အဆုံးရှုံးခံလိုက်ပါတော့မယ်။ အဖေအမေမသိအောင် ပစ္စည်းကိုတော့ မခိုးနိုင်ပါဘူး။
သူများနဲ့ပဲ ပေးစား လိုက်ပါတော့"။ "အေးကွာ ဒီလိုဆိုတော့လည်း ဘယ်တက်နိုင်မလဲ"။
ဒါနဲ့ ကျောင်းသားအားလုံးရော ချစ်သမီးကိုပါခေါ်ပြီး ကြေငြာ ပါတယ်။
"ကဲ အားလုံးနားထောင်၊ ငါ့သမီးကို ဘယ်သူနဲ့ ထိုက်တန်သလဲဆိုတာ ပြောမယ်"။
ကျောင်းသားအားလုံး ရင်ခုန်စွာနဲ့ နားစွင့်နေပါတယ်။
"တပည့်တို့ ငါ့သမီးကို ဘာရတနာမှယူမလာတဲ့ ဒီနောက်ဆုံးကျောင်းသားနဲ့ပဲ လက်ထပ်ပေးမယ်"။
အားလုံး ဟာခနဲ ဖြစ်ကုန်ပါတယ်။ ဆရာကြီးက ဆက်ပြောတယ်။
"တပည့်တို့ တကယ်တော့ မင်းတို့ရဲ့ ရိုးသားမှုကို စမ်းလိုက်တာပါ။
ငါလိုချင်တာ ရတနာပစ္စည်းမဟုတ်ဘူး။ တကယ်လိုချင်တာက ရိုးသားမှုပါ။
ရတနာဆိုတာက ငါ့မှာ ဆယ်သက်စားမကုန်ုအောင် ရှိတယ်။
မင်းတို့ ဘယ်လောက်ချမ်းသာချမ်းသာ ရိုးသားမှုမရှိရင် ငါ့သမီး တစ်သက်လုံးစိတ်ချမ်းသာမှာမဟုတ်ဘူး။
ဒါကြောင့် အခု ငါ့သမီးကို ရိုးသားတဲ့ ကျောင်းသားနဲ့ပဲ ပေးစားပါတယ်"။
ထို့နောက် သမီးချောလေးနဲ့ ရိုးသားတဲ့ ကျောင်းသားကို ကိုယ်တိုင် လက်ထပ်ပေးလိုက်ပါတယ်။
သမီးချောနဲ့ ရိုးသား တဲ့ ကျောင်းသားလည်း တစ်သက်လုံး ချစ်ချစ်ခင်ခင်နဲ့ ပေါင်းသင်းသွားပါတော့တယ်။
ဒါကြောင့် ကြင်ဖော် (သို့မဟုတ်) ကြင်ရာရွေးချယ်ရာမှာ အရေးကြီးဆုံးနဲ့ အလိုအပ်ဆုံးက ရိုးသားမှုပါ။
ရိုးသားသူဟာ အကျင့်စာရိတ္တကောင်းတယ်။ သစ္စာရှိတယ်။ နားလည်မှုရှိတယ်။ ပျော်ရွှင်မူကို ပေးနိုင်ပါတယ်။
တစ်ခုရှိတာက ရိုးသားသူကို ရပေမယ့် ကိုယ်ကိုယ်တိုင်က မရိုးသားဘူး၊ သစ္စာမရှိဘူး၊ အကျင့်ပျက်ရင်လည်း
သာယာတဲ့အိမ်ထောင်ရေး ဖြစ်မလာနိုင်ပါ ဘူး။ နှစ်ဦးနှစ်ဖက်လုံး ရိုးသားမှ သာယာတဲ့ အိမ်ထောင်ရေး ဖြစ်မှာပါ။
ရွှေစမ်းမြေ အရှင်ကဝိဓဇသာရ
#Credit
ယဉ်ကျေးလိမ္မာနှင့် (၃၈)ဖြာမင်္ဂလာ ပုံပြင်များ

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်